တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုဝင်ဘာ ၅ ရက်၊ မွန်းလွဲပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှာရှိတဲ့ ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်ကို သွားရောက်လေ့လာခဲ့သလို ကူမင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကိုလည်း သွားရောက်လေ့လာကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်ကို ရောက်ရှိပြီးကောလိပ်ဆိုင်ရာအချက်လက်များ၊ ကောလိပ်မှဖွင့်လှစ်သင်ကြားပေးလျက်ရှိတဲ့ သက်မွေးပညာဘာသာရပ်များနဲ့ နည်းပညာဆိုင်ရာဘာသာရပ်များ၊ တက္ကသိုလ်များနဲ့ ဆက်ဆံမှုစနစ် ထူထောင်ထားရှိပြီး ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ အတတ်ပညာပိုင်းဆိုင်ရာနဲ့ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်လုပ်သားများ၊ ပညာရှင်များ မွေးထုတ်ပေးလျက်ရှိမှုအပါအဝင် အခြားဆောင်ရွက်နေမှုအခြေအနေတွေကို လေ့လာခဲ့ကြကြောင်း သိရသည်။
ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို ရောက်ရှိခဲ့ကြပြီး အဲဒီတက္ကသိုလ်ရဲ့ AI နည်းပညာစမ်းသပ်ခန်းအတွင်းမှာ တက္ကသိုလ်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် တက္ကသိုလ်အတွင်းရှိ UAV နှင့် Drone နည်းပညာအသုံးပြု လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ကင်းထောက်နိုင်မှုစွမ်းရည်များအား သင်ကြားပို့ချမှုဌာန၊ လူသားအစားထိုးအဆင့်မြင့်စက်ရုပ်နည်းပညာ၊ အာရုံခံစနစ်အသုံးပြုမှုနည်းပညာအသုံးချမှုစနစ်အား သင်ကြားပို့ချမှုဌာနတို့သို့ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။




