အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းအချိန်က မတ္တရာမြို့နယ်တွင် နယ်မြေရှင်းလင်းနေတဲ့ တပ်/ရဲ/ပသစ ပူးပေါင်း လုံခြုံရေးအဖွဲ့သည် မတ္တရာမြို့အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် အကြမ်းဖက် PDF ၂၀ ဦးခန့်နှင့် ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် ၂ ဦးဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF ၂ လောင်း
(၂) MA-1 သေနတ် ၂ လက်
(၃) လက်ပစ်ဗုံး ၂ လုံး
(၄) အိုင်ကွန် ၁ လုံး၊ ကျည်အိမ် ၅ ခုတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။