ကထိန်ပွဲပြုလုပ်ခဲ့သည့် ရေဦးမြို့နယ်၊ အင်ပထိုးကျေးရွာအနီးကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများ ဝါဒဖြန့်ဝေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် ကထိန်ပွဲပြုလုပ်ခဲ့သည့် အင်ပထိုးကျေးရွာအနီးကို အောက်တိုဘာ ၂၀ ရက်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေသည် ကို တွေ့ရှိရ သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရေဦးမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ ၎င်းရက်နေ့တွင် ရေဦးမြို့နယ်၊ အင်ပထိုးကျေးရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှုမရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများက မြို့ရွာများ တည်ငြိမ်အေးချမ်းပြီး ပြည်သူများ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နေခြင်းနှင့် နေ့ထူးနေ့မြတ် အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲ အခမ်းအနားများ ကျင်းပ ဆောင်ရွက်ခြင်းကို မလိုလားသည့်အတွက် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။