မောင်တောမှာ ရန်သူ့လက်နက် ၄ လက်ထပ်ရ

အောက်တိုဘာ ၁၉ ရက်နေ့ ရခိုင်ပြည်နယ်၊ မောင်တောရှိ နခခ(၅)ဘက်မှာ ရန်သူ့လက်နက် ၄ လက် ထပ်မံရရှိတယ်လို့ သိရပါတယ် –
(၁) သေနတ်မျိုးစုံ ၄ လက်

  • RPG သေနတ် ၁ လက်
  • MA-1 သေနတ် ၁ လက်
  • MA-2 သေနတ် ၁ လက်
  • G-4 သေနတ် ၁ လက်
    (၂) ကျည်အိမ်မျိုးစုံ ၈ ခု
    (၃) ကျည်မျိုးစုံ ၅၀၀ ခန့်
    (၄) RPG ပို့ကျည် ၄ တောင့်
    (၅) အီနာဂါဗုံးသီး ၇ လုံး
    (၆) စကားပြောစက် ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။

RPG သေနတ်ဟာ လူကယ်/ပြန်ရုံးကို အောက်တိုဘာ ၁၉ ရက် (မနက်) ဝင်ရှင်းလို့ တွေ့ရှိရတာဖြစ်ပြီး ကျန်သေနတ် ၃ လက်ကတော့ အောက်တိုဘာ ၁၈ ရက်နေ့ညက နခခ(၅)ကို အကြမ်းဖက် AA တွေ လာကပ်တယ်။ လာကပ်တဲ့ AA တွေ မိုင်းကွင်းနင်းလို့ မိုင်းတွေကွဲတယ်။ အသံကြားလို့ လုံခြုံရေးအဖွဲ့တွေက ပစ်ရှင်းရှင်းပြီး မနက် နယ်မြေရှင်းလို့ ခြံစည်းရိုးနားက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ရန်သူ့လက်နက် ၄ လက်နဲ့ ဆက်စပ်ပစ္စည်းများ ရရှိထားပြီး အလောင်းတွေက ပြန်ဆွဲသွားလို့ စွပ်ကြောင်းတွေ တွေ့ရှိခဲ့ပါတယ်။ နယ်မြေဆက်ရှင်းနေဆဲဖြစ်တဲ့အတွက် ထူးခြားမှုနဲ့ အလောင်း/လက်နက် ရရှိပါက ထပ်မံဖော်ပြပေးသွားပါမယ်။

တိုက်ပွဲသတင်းစုံ