နယ်ဒါးမြရဲ့ KTLA လက်အောက်ခံတပ်ဖွဲ့ဝင်တွေက အရပ်သား ၅ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ထား

ဖြစ်စဥ် (၁)
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင်
ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာက ရွှေ့ပြောင်း ရွှေ
အလုပ်သမား သုံးဦးကို KTLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ကာ ရွှေနှင့် ပစ္စည်းများကို လုယက်ယူထားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး၊
အသက် ၃၈ နှစ်အရွယ် ကိုလှမြင့်နဲ့
အသက် ၂၂ နှစ်အရွယ် ကိုကျော်ဇောလင်းတို့ ၃ ဦးကိုKTLA ၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊ တပ်ခွဲ (၅) က တပ်သားတွေကမည်သည့် သက်သေအထောက်အထားမျှမရှိဘဲ
စစ်ကောင်စီသတင်းပေးလုပ်သည်ဆိုကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်တွင် ၎င်းတို့ ၃ ဦးသည် မည်သည့်စစ်တပ်လက်အောက်ခံတပ်ဖွဲ့နှင့်မျှ ပတ်သက်မှုမရှိဘဲ သာမန်လက်လုပ်လက်စား အလုပ်သမားများသာဖြစ်ကြောင်းကို ရွာခံများနဲ့ ဒေသခံ PDF တပ်ဖွဲ့ဝင်များကလည်း ပြောကြားထားပါတယ်။
         
ထိုအကြောင်းကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ KTLA တပ်ဖွဲဝင်တစ်ဦးက
ရက်ရက်စက်စက် သတ်ဖြတ်နေသည့် ရုပ်သံ မှတ်တမ်းနှင့်အတူ
ဝန်ခံထွက်ဆိုထားတဲ့ ရုပ်သံမှတ်တမ်းလည်း လိုင်းပေါ်မှာ ရှိနေတယ်လို့
သိရပါတယ်။

ဖြစ်စဥ် (၂)
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့မှာ ထားဝယ်မြို့ပေါ်က
ခဲနဲ့ သံထည်ပစ္စည်းတွေ သွားဝယ်တဲ့
ဦးဆန်နီ၊ ဦးသန်းကြွယ်နှင့် ဦးမြင့်လွင်တို့ သုံးဦးကိုလည်း
ထားဝယ်မြို့နယ်၊ ပကာရီ ကျေးရွာမှာ
KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) တပ်ဖွဲ့ဝင်တွေက
ဖမ်းဆီးသွားခဲ့ပြီး တပ်ရင်း (၃) စစ်ဆေးရေးဂိတ်အနီးမှာ
စွန့်ပစ်ထားခဲ့တဲ့ ရုပ်အလောင်းကို PDF တပ်ဖွဲ့ဝင်တွေက
တွေ့ရှိထားတာလို့ သိရပါတယ်။
                  
၎င်းတို့သုံးဦးဟာ သာမန်အရပ်သားတွေသာဖြစ်ပြီး
KTLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက်
သတ်ဖြတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
         
KTLA  ရဲ့ ခေါင်းဆောင်ဖြစ်သူ နယ်ဒါးမြကလည်း ၂၀၂၂ ခုနှစ်က
လမ်းလုပ်သား ၂၅ ဦးကို
အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားပြီး ၎င်းကိစ္စနဲ့ပတ်သက်ပြီး
KNU က အရေးယူဖို့ လုပ်တဲ့အခါမှာ ခွဲထွက်သွားပြီး
KTLA ကို ထူထောင်ခဲ့ခြင်းလည်း ဖြစ်တယ်။

အခုဖြစ်စဉ်တွေမှာလည်း နယ်ဒါးမြရဲ့လက်အောက်ခံအဖွဲ့ဝင်တွေကအရပ်သားတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတဲ့အပေါ်မှာ
အရေးယူမှု တစ်စုံတစ်ခုမှ မရှိဘဲ လွှတ်ပေးထားတာလည်း ဖြစ်ပါတယ်။