တောင်ခမ်းမြေမှာ အောင်ပန်းဝေနေတဲ့ တပ်မတော်သားများ

အောက်တိုဘာ ၁၁ ရက် နေ့လည်အချိန်က တောင်ခမ်းဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကြောင်းသည် တောင်ခမ်းအတွက် စစ်ဗျူဟာအရေးကြီးမြေဖြစ်တဲ့ တောင်ပေါ်ကြီး ရန်သူ့စခန်းအား ပစ်ကူပစ်အားရယူ၍ စီးနင်းတိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီခန့်သာ ကြာလိုက်ပြီး ရန်သူဟာ သူတို့ရဲ့အလောင်း/လက်နက်များ ဆွဲယူ၍ ဖရိုဖရဲ ထွက်ပြေးသွားခဲ့လို့ တပ်က ထပ်ကြပ်လိုက်လံ ရှင်းလင်းနေဆဲဖြစ်ပါတယ်။

ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦးကျဆုံး၍ ၃ ဦးဒဏ်ရာရရှိကာ ရန်သူ့ဘက်မှ –
(၁) TNLA/PDF အလောင်း ၂ လောင်း
(၂) သေနတ် ၂ လက်
(၃) ကျည်အိမ် ၁၅ ခု၊ ကျည် ၁၀၀၀၀ ခန့်
(၄) လက်ပစ်ဗုံး ၁ လုံး၊ မိုင်း ၉ လုံး
(၅) ပစ်ကျင်း ၃၀ ကျင်း
(၆) ဆက်သွယ်ရေးမြောင်း ၆၀၀ ပေ တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ (ပုံတွေရရင် ထပ်မံဖော်ပြပေးပါမယ်)

နယ်မြေအသေးစိတ်ရှင်းလင်းနေဆဲဖြစ်လို့ အလောင်း/လက်နက်တွေ ထပ်တိုးလာနိုင်ပါတယ်။

ယခုဆိုရင် တောင်ခမ်းဒေသမှာ ခံစစ်အနေအထားမှ တန်ပြန်ထိုးစစ်(တိုက်စစ်)များဖြင့် ရန်သူ့နေရာများကို တိုက်ခိုက်ချေမှုန်းနေပြီဖြစ်ပါကြောင်း တောင်ခမ်းသားတို့အား ဂုဏ်ပြုရင်း ဖော်ပြပေးလိုက်ပါတယ်။

တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)