ခင်ပွန်းဖြစ်သူက ခုံဖြင့်ရိုက်သတ်၍ ဇနီးဖြစ်သူသေဆုံး

ခင်ပွန်းဖြစ်သူက ခုံဖြင့်ရိုက်သတ်၍ ဇနီးဖြစ်သူသေဆုံးသွားသည့်ဖြစ်စဥ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး၊ ​မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊​ ခေမာသီလမ်း၊ အမှတ်(၁)Aရှိ ❛သီအိုရီဟိုတယ်❜ ၌ အောက်တိုဘာ ၃ ရက်၊ ည ၁၀ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သတ်ဖြတ်ခံရသူမှာ မသီရိဇော်ဆိုသူဖြစ်ပြီး ခင်ပွန်းဖြစ်သူ ကိုဝေယံမင်း၊ အသက် (၃) နှစ်အရွယ်သားငယ်တို့နှင့်အတူ ကြို့ပင်​ကောက်မြို့မှလာရောက်၍ အဆိုပါ ❛သီအိုရီဟိုတယ်❜ ၌ တည်းခိုနေစဥ် ခင်ပွန်းဖြစ်သည့် ကိုဝေယံမင်းက သစ်သားထိုင်ခုံဖြင့် ရိုက်သတ်လိုက်ခြင်းဖြစ်ကြောင်း တရားခံ ဝေယံမင်းကိုယ်တိုင် ဝန်ခံခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် လူသတ်တရားခံ ဝေယံမင်းဆိုသူကို သက်ဆိုင်ရာက အခင်းဖြစ်ဟိုတယ်၌ပင် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

//crd