ကလေးလူကြီး၊ ဗိုက်ကြီးသည်မချိန် အကြမ်းဖက်နေတဲ့ PDF များ

၂၀၂၄ စက် ၂၇၀၉၀၀ ချိန်တွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် နေထိုင်သော ဦးဖိုးကျော်(ခ)ကျော်မှတ် ၄၈ နှစ်(ဘ)ဦးမှတ်သည် သမီးဖြစ် သူမဝူဟန်ကျော် ၄ နှစ်(ဘ)ဦးဖိုးကျော်နှင့်အတူ ဂုတ်ကြီးတောရဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ရန်သွားရောက်စဉ် အကြမ်းဖက်သမား ကျား ၃ ဦးကသေနတ်(စိစစ်ဆဲ)ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် ဦးဖိုးကျော်သည် လည်ပင်း၊ မေးရိုး၊ညာရင်အုံ ကျည်ဖောင်ဝင်ဒဏ်ရာ ၁ ချက်စီဖြင့်လည်းကောင်း၊ မဝူဟန်ကျော်သည် ဦးခေါင်းကျည်ဖောင်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။