NLD အစိုးရခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာ နစကအစိုးရကို ဆန့်ကျင်ပြီး သူ့အနေနဲ့ NUG အဖွဲ့ကို ကိုယ်စားပြုကြောင်း လက်သုံးချောင်းထောင်ခဲ့လို့ နစကအစိုးရက နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း ဖောက်ဖျက်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုတွေနဲ့ တရားဆွဲခံထားရပြီးနိုင်ငံသားအဖြစ်မှလည်း ပယ်ဖျက်ခံထားရတယ်လို့ သိရပါတယ်
နစကအစိုးရအနေနဲ့ ဦးကျော်မိုးထွန်းကိုဖြုတ်ပြီး အမေရိကန်စစ်သံမှူးလုပ်နေတဲ့ ဗိုလ်မှူးကြီးအောင်သူရိန်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် အစားထိုးခန့်အပ်ခဲ့ပေမဲ့ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းအရ Credentials Committee က NUG ကိုယ်စားပြု ဦးကျော်မိုးထွန်းနဲ့ နစက ကိုယ်စားပြု ဦးအောင်သူရိန်(ဗိုလ်မှူးကြီးဟောင်း) တို့ နှစ်ယောက်စလုံးကို တရားဝင်ခန့်အပ်ခြင်း မပြုပဲ ဆိုင်းငံ့လုပ်ထားပါတယ်
နှစ်စဉ် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) ကျင်းပချိန်မှာ Credentials Committee က ကိုယ်စားလှယ်ခန့်အပ်မှုကို ဆိုင်းငံ့ထားလို့ ၂၀၂၁ ခုနှစ်ကစပြီး ကုလသမဂ္ဂစင်မြင့်မှာ မြန်မာနိုင်ငံကိုယ်စားပြုသူမရှိဖြစ်နေရပါတယ်
Credentials Committee မှာ အမေရိကန်၊ တရုတ်၊ ရုရှားတို့က အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီး ကျန် ၆ နိုင်ငံက အလှည့်ကျဖြစ်ပါတယ်..ကုလသမဂ္ဂသံတမန်ခန့်အပ်ရေးအတွက် အဲ့ဒီ Credentials Committee ၉ နိုင်ငံက ဆုံးဖြတ်ရပြီး အငြင်းပွားလာရင် မဲခွဲဆုံးဖြတ်ရပါတယ်
မြန်မာ့အရေးမှာတော့ မဲခွဲဆုံးဖြတ်ခြင်းမပြုလုပ်လို့ အသစ်မခန့်အပ်ပဲ အရင်ခန့်အပ်ထားသူက အမည်စာရင်းပေါက်ပါတယ်..သို့သော် မြန်မာနိုင်င့ကို ကိုယ်စားပြုပြီး ပြောဆိုခွင့်ပိတ်ပင်ထားပါတယ်..
ဒီနှစ် ၇၉ ကြိမ်မြောက် UNGA မှာတော့ Credentials Committee နိုင်ငံများအဖြစ် အမေရိကန်၊ တရုတ်၊ ရုရှား၊ လာအို၊ ဒိုမီနီကန်၊ ကိတ်ဗာဒီ၊ လိုက်ဘေးရီးယား၊ အင်တီကွာနဲ့ ဘာဘူဒါ၊ မိုနာကို တို့ကအမည်စာရင်းတင်သွင်းထားလို့ UNGA က အတည်ပြုရင် အဲဒိနိုင်င့တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဘယ်သူ့ကို ခန့်မလဲ ဆုံးဖြတ်မှာဖြစ်ပါတယ်
ဒီနှစ်စာရင်းပေးထားတဲ့ နိုင်ငံတွေထဲမှာ အမြဲတမ်း အဖွဲ့ဝင် မဟုတ်တဲ့ ၆ နိုင်ငံဟာ တရုတ်၊ ရုရှားတို့နဲ့ နီးစပ်မှုရှိတဲ့ နိုင်ငံတွေဖြစ်လို့ Credentials Committee မှာ မဲခွဲရင် နစက အသာစီးရနိုင်တယ်လို့ ထင်မြင်ယူဆနေကြောင်း သိရပါတယ်
ခင်ညိုချော (https://t.me/kothetjournalist9000)