စက်တင်ဘာလ ၂၅ ရက်၊ မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာတွင် နေထိုင်သော မမိုးဆွေ (၂၅)နှစ် (ဘ) ဦးဇော်ဝင်း သည် ညနေ ၄ နာရီချိန်ခန့်တွင် ဈေးဝယ်ရန်အတွက် ဆိုင်ကယ်ဖြင့် ဖောင်းကားကျေးရွာသို့ တစ်ဦးတည်းထွက်လာစဉ် နတ်ထားကျေးရွာနှင့် ဖောင်းကားကျေးရွာသို့ အရောက် ကြိုတင်စောင့်ဆိုင်းနေသည့် PDF ၆ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မမိုးဆွေသည် ညာနားထင်ဖောက်ဝင်ဒဏ်ရာ၊ ဘယ်နားထင်ကျည်ဖောက်ထွက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

