နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး တာဝန်များကိုထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည် များအား တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးကုသပေးထားမှုများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားခဲ့သလို အရာရှိ/စစ်သည်မိသားစုဝင်များရဲ့ တင်ပြချက်များကိုလည်း အလေးထားမှတ်သားပြီး ဆောင်ရွက်ပေးသင့်သည်များကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
ခေါင်းဆောင်ဆိုတဲ့ခံစားချက်ထက် စစ်သည်မိသားစုဝင်တွေအပေါ် ဖခင်စိတ်အပြည့်နဲ့ နွေးထွေးလှတဲ့ သူရဲ့ခံစားချက်တွေကို မျက်နှာပေါ်မှာ အတိုင်းသားမြင်နေရတယ်။