ကန့်ဘလူမြို့ ဗျူဟာမှူး၏ အနီးကပ်စီမံဆောင်ရွက်မှုတို့ဖြင့် အောင်ပွဲရ မဒေါင်းလှကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ရွာသူ/ သားများအား ကြိုဆိုပွဲသို့ … ၅၅၀ ဆရာတော် ဦးဝါသဝ၊ ကန့်ဘလူ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ကန့်ဘလူမြို့ အမှတ် (၆၀၀၆) တကရ တပ်ရင်းမှူး၊ ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ကန့်ဘလူမြို့ဒေသခံ ပြည်သူလူထုများမှ အိုးစည် ဒိုးပတ်၊ အောင်သပြေပန်း၊ ရေသန့်ဘူး၊ အအေးဘူး များဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြပါသည်။
အောင်ပွဲရ မဒေါင်းလှ ပြည်သူ့စစ်များနှင့် ရွာသူ/ရွာသားများအား ကန့်ဘလူ ဗျူဟာမှူး၊ ၅၅၀ ဆရာတော် ၊ ခရိုင်စီမံအုပ်ချုပ်ရေးဉက္ကဌနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ နေရာချထားပေးခြင်း၊ နေ့လည်စာ ကျွေမွေးခြင်း၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး မကောင်းသူများအား သက်ဆိုင်ရာ တပ်မတော် အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများဖြင့် ဆေးဝါးကုသပေးခြင်း များပြုလုပ်ခြင်း၊ ကျောင်း/သူ များ ပညာဆက်လက်သင်ယူနိုင်ရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။