အီရန်တော်လှန်ရေးအစောင့်တပ် တပ်ဖွဲဝင်တွေအားလုံး ဆက်သွယ်ရေးကိရိယာတွေ အသုံးပြုတာရပ်တန့်ဖို အီရန်အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။
အီရန်မဟာမိတ် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတွေအသုံးပြုတဲ့ ဆက်သွယ်ရေးစက် ထောင်ပေါင်းများစွာ ပေါက်ကွဲမှုကြောင့် လူ ၃၇ ယောက်သေပြီး ၃၀၀၀ နီးပါဒဏ်ရာရှိခဲ့ပြီးနောက် အီရန်စစ်တပ်မှာ ဆက်သွယ်ရေးကိရိယာတွေမသုံးဖို အမိန့်ထုတ်လိုက်တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အီရန်တာဝန်ရှိသူတယောက် ပြောပါတယ်။