ရေးမြိုနယ်တွင် အကြမ်းဖက်KNU/PDF ၂ ဦးအားပစ်ခတ်ဖမ်းဆီး

စက်တင်ဘာ၂၄ရက်နေ့ နံနက်၈နာရီအချိန် လုံခြုံရေးတပ်ဖွဲဝင်များသည် ရေး-သံဖြူဇရပ်သွားကားလမ်း၊‌ မော့ကနင်ကျေးရွာအနီးတွင်လုံခြုံရေးဆောင်ရွက်နေစဉ် မြိုဟောင်းကုန်းကျေးရွာဘက်မှ အသက်(၂၅)နှစ်ခန့်ရှိ မသင်္ကာဖွယ်ရာ အမျိုးသား၂ဦးသည် လမ်းလျှောက်လာသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များမှ ရပ်တန့်၍ အစစ်ဆေးခံရန် ပြောကြားခဲ့သော်လည်း ထွက်ပြေးသဖြင့် သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ခဲ့‌ရာ ၎င်းအကြမ်းဖက် ၂ ဦးမှပြန်လည်ခုခံသဖြင့် အခင်းဖြစ်ရာနေရာအနီးတစ်ဝိုက်တွင် အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း၊ ၎င်းတိုနှင့်အတူပါလာသော ကျောပိုးအိတ်(အပြာရောင်)အတွင်းမှ –

– ထိုင်းနိုင်ငံထုတ် ရှေ့ထွက်မိုင်း -၁လုံး
– ဖြူးစ် -(၂)ချောင်း
– အရှည်ပေ ၄၀ခန့်ရှိဝါယာကြိုး(နီ/နက်)ခွေ -၁ခွေ
– ဓာတ်ခဲအိမ် -၁ခု
– ကရင်အင်္ကျီ -၂ထည် ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။