တောင်ခမ်းမြေမှာ အောင်ပန်းဝေနေတဲ့ မြန်မာ့တပ်မတော်သားများ

အပိုင်း(၂)
TNLA အဖွဲ့ဟာ ထိခိုက်မှုတွေများသလို ကျဆုံးမှုတွေ များနေတဲ့အတွက် ကျောက်မဲ/သီပေါ/သပိတ်ကျင်းနဲ့ မတ္တရာဘက်က ပလောင်အကြမ်းဖက်သမားတွေကို ခေါ်ပြီး အင်အားပြန်ဖြည့်ပါတယ်။ ထပ်ဖြည့်တဲ့ အင်အားတွေလည်း အကုန်ပြုတ်ကုန်တဲ့အတွက် ခြေကုန်လက်ပန်းကျကုန်ကြပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ စိတ်ဓာတ်ယိမ်းယိုင်နေတဲ့ အကြမ်းဖက်အဖွဲ့တွေဟာ ရိက္ခာနဲ့ ခဲယမ်းတွေလည်းပြတ်လပ်တာကို ကြုံလာရပြန်ပါတယ်။

တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်သမားတွေနဲ့ တိုက်ပွဲဖြစ်နေချိန်တွင်မက ၎င်းတို့ရဲ့ အုပ်ချုပ်ထောက်ပံ့မှု လမ်းကြောင်းတွေနဲ့ အခြေပြုနေရာတွေကို တိတိကျကျ ချေမှုန်းတိုက်ခိုက်နေတဲ့အတွက် ဘယ်အချိန်မှာ ဘယ်လိုတိုက်ခိုက်ခံရမလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေဝင်တဲ့အထိဖြစ်ကုန်ပါတယ်။

ဒါ့ကြောင့်အကြမ်းဖက်အဖွဲ့တွေဟာ ၎င်းတို့အဖွဲ့တွေရဲ့ အင်အားအချို့ကို နောင်ချို့ဘက်မှာ ပြန်လည်နားခိုင်းပါတယ်။ ဒီလိုနားခိုင်းချိန်မှာလည်း တောင်ခမ်းကို သိမ်းပိုက်လိုက်လို့ အောင်ပွဲရသလိုမျိုး ပြည်သူကို psywar ထည့်ပါတယ်။

နောင်ချိုမှာ ပြန်နားနေတဲ့ အဖွဲ့တွေဟာလည်း အေးအေးလူလူမနားရဘူး။ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ​အချိန်မရွေးခံနေရတာကြောင့် နောက်​ကျောမလုံတဲ့အနေအထားဖြစ်နေပါတယ်။

ခန့်မှန်းရသလောက်ဆိုရင် လေကြောင်းတိုက်ခိုက်မှုကိုတင် ကြောက်ရွံ့နေတာမဟုတ်ပါဘူး။ တောင်ခမ်းမှာ အောင်ပွဲရနေတဲ့ တပ်မတော်ရဲ့ အောင်မြေချဲ့ ထိုးစစ်ဆင်မှုကိုပါ ကြောက်ရွံ့နေရတဲ့ အခြေအနေဖြစ်နေတာ။

ဒါကြောင့်လည်း နောင်ချိုကို ကာဖို့အတွက် နားခိုင်းသလိုလိုလုပ်ပြီး အင်အားပြန်ဖြည့်တာထားတယ်လို့ ယူဆရပါတယ်။

တောင်ခမ်းမှာ မိမိစစ်သည်တွေရဲ့ အောင်စိတ်ဟာ တော်တော်လေးစားဖို့ကောင်းသလို တပ်မတော်အတွင်းမှာရှိနေတဲ့ စစ်သည်တော်တွေရဲ့ ကိန်းအောင်းနေတဲ့ သတ္တိသွေးတွေကို ပြန်လည်နိုးကြွလာပြီလို့ ယုံကြည်ပါတယ်။

သြဂုတ်လ ဒုတိယပတ်က စပြီး စက်တင်ဘာလ ၂၁ ရက်ထိ တောင်ခမ်းနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို စာရင်းချုပ်လိုက်ရင်..

တိုက်ပွဲကြီး ၁၈ ကြိမ်၊ တိုက်ပွဲငယ် ၃၀ ကြိမ်၊ စုစုပေါင်း ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူယူရတဲ့ တိုက်ပွဲ ၁၁ ကြိမ်ရှိခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲစဥ်တစ်လျှောက် ရန်သူ့ အလောင်းရရှိမှု ၃၈ ဦး၊ လက်နက်ရရှိမှု M 22 ၂၁ လက်၊ အမ်အေ 1 ၄ လက်၊ Type-81 ၉ လက်၊ အာပီဂျီ ၁ လက်၊ လက်ပစ်ဗုံး၄ လုံး၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ အီနာဂါ ၃ လုံးနှင့် ကျည်မျိုးစုံ ၁၅၅၃ တောင့် သိမ်းဆည်းရမိ ခဲ့ပြီး မိမိဘက်ကတော့ အရာရှိ ၁ ဦးအပါအဝင် စစ်သည် ၁၇ ဦး ကျဆုံးခဲ့တယ်လို့ ကြားသိရပါတယ်။

ရန်သူ့ကျဆုံးမှုဟာ အလောင်းရတဲ့အရေအတွက်သာဖြစ်ပြီး အလောင်းကောက်စစ်နည်းဗျူဟာကို ကျင့်သုံးနေတဲ့ ရန်သူ့ထိခိုက်ကျဆုံးမှုဟာ ၅၀၀ ကျော်ရှိကြောင်း မျက်မြင်တွေ့ရှိသူများရဲ့ ပြောကြားချက်နဲ့ ကြားဖြတ်သတင်းများအရ သိရှိရပါတယ် ။

ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့တဲ့ အရာရှိ စစ်သည်တွေကို စွမ်းရည် ဘွဲ့တံဆိပ်များ ချီးမြှင့်သွားမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ တိုက်ပွဲဝင်စစ်သည်များဟာ စစ်ကူ၊ ပစ်ကူ အားဖြည့်မှုများနှင့်အတူ အောင်မြေချဲ့ တိုက်ပွဲဝင်လျက်ရှိကြောင်း သတင်းကောင်းများ ကြားသိရပါတယ်။

တိုက်ပွဲသတင်းစုံ