တောင်ခမ်းမြေမှာ အောင်ပန်းဝေခဲ့တဲ့တပ်မတော်သားများ

တောင်ခမ်းမှာရှိတဲ့ မိမိတို့တပ်မတော်စခန်းတွေနဲ့ တပ်ရင်း/တပ်ဖွဲ့တွေကို အကြမ်းဖက် TNLAနဲ့ PDF ပူးပေါင်းအဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်တာနဲ့ပတ်သက်ပြီးသတိထားမိသလောက်ဆိုရင် သြဂုတ်လ ဒုတိယပတ်လောက်က စဖြစ်မယ်ထင်တယ်။

တောင်ခမ်းဒေသဟာ မိမိတို့တပ်မတော်အတွက် အရေးပါတဲ့ နယ်မြေတစ်ခုဖြစ်သလို ရှမ်းမြောက်နဲ့ ရှမ်းတောင်ကြားမှာ ရန်သူကို ထိန်းချုပ်ထားဖို့အတွက် အကောင်းဆုံး ခံစစ်နေရာတစ်ခုဖြစ်တယ်။

အကြမ်းဖက်သောင်းကျန်းသူ TNLA+PDF တွေဟာလည်း ဒီအခြေအနေကို ကောင်းကောင်းသိတဲ့အတွက် တောင်ခမ်းမှာရှိတဲ့ မိမိတို့ တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ၀င်ဆောင့်တိုက်ခိုက်ခဲ့တယ်။ လွယ်လွယ်ရမယ်အထင်နဲ့ပေါ့။

ဒီလိုအခြေအနေတွေကို ကြိုတင်သိထားတဲ့အတွက် တပ်ရင်း တပ်ဖွဲ့တွေဟာ လိုအပ်တဲ့ပြင်ဆင်မှုတွေ ယခင်ကတည်းကြိုတင်လုပ်ဆောင်ခဲ့တယ်။

ဒီလိုကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတွေကြောင့် အကြမ်းဖက်သမားတွေဟာ ၎င်းတို့ထင်ထားသလို လွယ်လွယ်တိုက်လို့မရတဲ့အပြင် တပ်မတော်သားတွေရဲ့ စစ်နည်းဗျူဟာအရ ခံစစ်သေမထားဘဲ အခွင့်သာရင် သာသလို ပြန်လည်တိုက်စစ်ဆင်တဲ့အတွက် အကြမ်းဖက်သမားတွေ တော်တော်လေးအထိနာခဲ့ပါတယ်။

တောင်ခမ်းက စစ်သည်တွေရဲ့ စစ်နည်းဗျူဟာကောင်းမွန်မှုတွေကြောင့် နေ့စဥ်အကြမ်းသမားတွေရဲ့ အလောင်းလက်နက်တွေ ရရှိနေပါတယ်။ (ပုံတွေကို ကျွန်တော် တင်ထားပါတယ်)

ဒါ့အပြင် တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အမြောက်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုစွမ်းရည်တွေကြောင့် အကြမ်းဖက်သမားတွေ အသက်နဲ့ကိုယ် အိုးစားကွဲကုန်ကြတဲ့အပြင် တပ်ပျက်တဲ့အထိ ဖွဲ့စည်းပုံပျက်ကုန်ကြပါတယ်။

ဒီလိုအထိနာနေတဲ့ အကြမ်းဖက်သမားတွေဟာ မိမိတို့တပ်စခန်းတွေကို အကြိမ်ကြိမ်ဝင်လုံးတိုက်ခိုက်နေချိန် တစ်ဖက်မှာလည်း မိမိတို့ စစ်ကူစစ်ကြောင်းတွေ လာလို့မရအောင် ဖြတ်တောက်တာတွေလုပ်ပါတယ်။

ဘယ်လိုပင်ဖြတ်တောက်ပါစေ တပ်မတော်သားတွေရဲ့ ရဲရင့်ပြတ်သားတဲ့စိတ်ကြောင့် ဖြတ်တောက်တဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းပြီး တောင်ခမ်းကို အရောက်ချီတက်နိုင်ခဲ့ပါတယ်။

မိမိစစ်ကူစစ်ကြောင်းတွေရောက်ရှိသွားချိန်မှာတော့ နဂိုကတည်းက ခံစစ်ကနေ တိုက်စစ်ဖွင့်ချင်နေတဲ့စစ်သည်တွေအတွက် လက်စွမ်းပြဖို့အခွင့်အရေးရရှိသွားပါပြီ။

အခွင့်ကောင်းကိုရရှိသွားတဲ့ မိမိတို့စစ်သည်တော်တွေဟာ ခံစစ်အနေအထားမှာ တိုက်စစ်အနေအထားကို ပြောင်းပြီး ပြန်လည်တိုက်ခိုက်တဲ့အတွက် အကြမ်းဖက်သမားများ အကုန်ပြဆုတ်ပြေးကုန်ကြပါတယ်။

ဒါ့အပြင် TNLA အဖွဲ့ဟာ ထိခိုက်မှာတွေများသလို ကျဆုံးမှုတွေ များနေတဲ့အတွက် ကျောက်မဲ/သီပေါ/သပိတ်ကျင်းနဲ့ မတ္တရာဘက်က ပလောင်အကြမ်းဖက်သမားတွေကို ခေါ်ပြီး အင်အားပြန်ဖြည့်ပါတယ်။ ထပ်ဖြည့်တဲ့ အင်အားတွေလည်း အကုန်ပြုတ်ကုန်တဲ့အတွက် ခြေကုန်လက်ပန်းကျကုန်ကြပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ စိတ်ဓာတ်ယိမ်းယိုင်နေတဲ့ အကြမ်းဖက်အဖွဲ့တွေဟာ ရိက္ခာနဲ့ ခဲယမ်းတွေလည်းပြတ်လပ်တာကို ကြုံလာရပြန်ပါတယ်။

တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်သမားတွေနဲ့ တိုက်ပွဲဖြစ်နေချိန်တွင်မက ၎င်းတို့ရဲ့ အုပ်ချုပ်ထောက်ပံ့မှု လမ်းကြောင်းတွေနဲ့ အခြေပြုနေရာတွေကို တိတိကျကျ ချေမှုန်းတိုက်ခိုက်နေတဲ့အတွက် ဘယ်အချိန်မှာ ဘယ်လိုတိုက်ခိုက်ခံရမလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေဝင်တဲ့အထိဖြစ်ကုန်ပါတယ်။

ဒါ့ကြောင့်အကြမ်းဖက်အဖွဲ့တွေဟာ ၎င်းတို့အဖွဲ့တွေရဲ့ အင်အားအချို့ကို နောင်ချို့ဘက်မှာ ပြန်လည်နားခိုင်းပါတယ်။ ဒီလိုနားခိုင်းချိန်မှာလည်း တောင်ခမ်းကို သိမ်းပိုက်လိုက်လို့ အောင်ပွဲရသလိုမျိုး ပြည်သူကို psywar ထည့်ပါတယ်။

နောင်ချိုမှာ ပြန်နားနေတဲ့ အဖွဲ့တွေဟာလည်း အေးအေးလူလူမနားရဘူး။ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ​အချိန်မရွေးခံနေရတာကြောင့် နောက်​ကျောမလုံတဲ့အနေအထားဖြစ်နေပါတယ်။

ခန့်မှန်းရသလောက်ဆိုရင် လေကြောင်းတိုက်ခိုက်မှုကိုတင် ကြောက်ရွံ့နေတာမဟုတ်ပါဘူး။ တောင်ခမ်းမှာ အောင်ပွဲရနေတဲ့ တပ်မတော်ရဲ့ အောင်မြေချဲ့ ထိုးစစ်ဆင်မှုကိုပါ ကြောက်ရွံ့နေရတဲ့ အခြေအနေဖြစ်နေတာ။

ဒါကြောင့်လည်း နောင်ချိုကို ကာဖို့အတွက် နားခိုင်းသလိုလိုလုပ်ပြီး အင်အားပြန်ဖြည့်တာထားတယ်လို့ ယူဆရပါတယ်။

အချုပ်ပြောရမယ်ဆိုရင် တောင်ခမ်းမှာ မိမိစစ်သည်တွေရဲ့ အောင်စိတ်ဟာ တော်တော်လေးစားဖို့ကောင်းသလို အကြမ်းဖက်သမားတွေကို သင်ခန်းစာကောင်းကောင်း ပေးနိုင်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။

အကယ်၍ တပ်မတော်မှ အင်အားထပ်မံဖြည့်တင်းပြီး တောင်ခမ်းမှတစ်ဆင့် အောင်မြေကျယ်ပြန်အောင် ထပ်မံလုပ်ဆောင်လိုက်မယ်ဆိုရင် မိမိတို့တပ်မတော်အတွင်းမှာရှိနေတဲ့ စစ်သည်တော်တွေရဲ့ ကိန်းအောင်းနေတဲ့ သတ္တိသွေးတွေကို ပြန်လည်အရောင်တင်ပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ဒါ့ကြောင့်
အောင်မြေချဲ့ဖို့ ယခုထက်ပိုမိုအင်အားဖြည့်ပါ။

မိမိစစ်သည်တွေရဲ့ အောင်စိတ်ကို အရောင်တင်ပြီး ညီအစ်ကိုတွေ အတူတူ အောင်ပွဲခံကြရအောင်ဗျာ။

CRD//မှိုင်းဝေ