ရေဦးမှာ ခရီးသည်တင်ယာဥ် မိုင်းထိပြီး အမျိုးသမီးတစ်ဦး သေဆုံး

စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ညောင်လှ-ရေဦး-တန့်ဆည် ကားလမ်းပေါ်၌ အကြမ်းဖက် PDF များ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့ရာ လမ်းပေါ် ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသည်တင်ယာဥ် မိုင်းစထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ကား ဖြတ်လာသည့်အချိန် အကြမ်းဖက် PDF များ ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး ကားခေါင်းခန်းတွင် လိုက်ပါလာသည့် အမျိုးသမီး ညာဘက်မျက်ခမ်းမှာ မိုင်းစထိမှန်ကာ အဆိုပါနေရာတွင် သေဆုံးသွားခဲ့သည်။

အကြမ်းဖက် PDF များအနေဖြင့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းမများတွင် မိုင်းထောင်/ မိုင်းဆွဲခြင်းများ ဆောင်ရွက်လာခြင်းကြောင့် ပြည်သူများနေ့စဉ်ရက်စက် ထိခိုက်သေဆုံးမှုများပြားလာလျှက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။