ခုလို နိုင်ငံနဲ့ အဝှမ်း ရေတွေကြီး မြေတွေပြိုတော့မှ ဘယ်သူကဘာလဲ ငါးလား ဖားလား ရန်သူလားမိတ်ဆွေလား ဆိုတာကို သေချာကွဲကွဲပြားပြား သိသွားကြတော့တယ်။
စစ်ဆင်ရေး ၁၀၂၇ လုပ်တော့ ကိုးကန့်တရုတ် ဘာသာမဲ့တွေ ဘုရားစေတီတွေကိုဖြိုချတာမျိုးတွေ လုပ်ကြတယ်။ မိုင်းမိုင်ဆိုင်းလိုမျိုး သူများရဲ့ ဘာသာသာသနာကို စော်ကားရပြီးတော့ ဘုရားစေတီပေါ် ဖိနပ်နဲ့ တက်နင်းပြတဲ့ ကောင်မမျိုးတွေ ( ရိုင်းသွားလဲ မတက်နိုင်ဘူး တန်ရာတန်ရာခေါ်တာ ) ပေါ်လာတယ်။
နိုင်ငံဘေးဒုက္ခကြုံနေရချိန်မှာ ပြည်သူကို စစ်ဘေးဒုက္ခပေးဖို့ပဲ သိတဲ့ သူပုန်တွေ ဘာကယ်ဆယ်ရေးမှ မလုပ်ဘဲ ဒေသခံပြည်သူကိုပဲ အကြပ်အတည်းတွေ တွေ့စေတာ လက်တွေ့ပဲ။
စစ်တပ်က ရန်သူပါတ်လည်ဝိုင်းနေချိန်မှာ ပြည်သူကို ပစ်မထားနိုင်ဘူး။ ရှေ့တန်းမှာ အင်အားလိုနေပေမယ့် မရရတဲ့ နေရာက ရသလောက် အင်အားတွေ ဆွဲထုတ်ပြီးတော့ ကယ်ဆယ်ရေးလုပ်နေတာကို အားလုံးမျက်မြင်ကိုယ်တွေ့ပဲ။
ရှေ့တန်းစခန်းတွေကအစ ရေကြီးတော့ ရွာသားတွေကို စစ်နည်းဗျူဟာအရေးကြီးမြေ ဖြစ်တဲ့ စခန်းကုန်းပေါ်ခေါ်တင်ပြီး ကယ်ကြတယ်။
ရန်သူပါလာမလား ဘာလား မတွေးအားတော့ဘူး။
အဲ့ချိန်မှာ ပြည်ဖျက်သူပုန်အပေါင်းကတော့ အဖျက်လုပ်ရပ်တွေကိုပဲ လုပ်ရင်းနဲ့ ပြည်သူကိုပဲ ဆက်ပြီးတော့ ဘေးဒုက္ခတွေပေးနေတာ မျက်မြင်ကိုယ်တွေ့ပဲ။
(တောင်ငူမှာ ရေဘေးကယ်ဆယ်ရေးလုပ်ရင်း pdf ပစ်သတ်ခံရတဲ့ စစ်သည် ၂ ဦးရှိပါတယ်)
သူတို့ ဒီလိုလုပ်လို့လဲ ဘယ်သူမှ သူပုန်ဆို မထောက်ခံတော့ဘူး ရေဘေးပဲလှူမယ် ကျည်ဆန်ဖိုးတော့ စိတ်မဝင်စားဘူး ဆိုတဲ့ ပြည်သူတွေ အများကြီး ဖြစ်လာတယ်။ ပြည်သူတွေလည်း ဒီရေကြီးမှုမှာ အမှန်ကို အမှန်အတိုင်း မြင်လိုက်နိုင်တာတော့ တစ်ကယ့် အမြတ်ပါပဲ။
Aung Shinn