


မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြိုသစ်အတွင်းရှိ ရှေးဟောင်းဘုရားကိုးဆူသည် စက်တင်ဘာ (၁၂ )ရက်က စတင်ကာ မိုးရွာသွန်းမှုများပြားခြင်းကြောင့် ပြိုကျမှု ဖြစ်ပွားခဲ့သည်။
ပြိုကျခဲ့သည့် ဘုရားများသည် (၁)ဘုရားအမှတ်-၁၊ ဘုရားအမှတ် ၁၅၉၇ သဗ္ဗညုဘုရား ၊ ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ ဘုရားအမှတ်- ၁၈၂ (ငှက်ပစ်တော င်အစု) ၊ဘုရားအမှတ်၁၆၇(ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား၊ ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် ၊ ဆင်ဖြူရှင်ရေ ကန် ၊ဘုရားအမှတ် ၇၁၁ လက်ပွတ်ကန်ဘုရားနှင့် ဘုရားအမှတ်-၃၄၅ ဘုရား တို့ ဖြစ်ကြသည်။
ယင်းဘုရားများကို ရှေးမူလက်ရာမပျက်ကာ ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြောသည်။