ဖမ်းဆီးခံရသော လူငယ်များကို  ခိုလန်နှင့် နမ့်စန်မြို့များသို့ ပို့ဆောင်နေတယ်ဆိုတာ သတင်းအမှား

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့၌ စစ်မှုထမ်းဆောင်ရန် အတွက် ဖမ်းဆီးခံရသော လူငယ် များကို ခိုလန်နှင့် နမ့်စန်မြို့များသို့ ပို့ဆောင်လျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားအား တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ အဆိုပါမြို့များမှ လုံခြုံရေး တာဝန်ရှိသူများ၏ ပြောကြား ချက်အရ စစ်မှုထမ်းဆောင်ရန် အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှု မရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေး ဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းနှင့် လှည့်ကင်းပတ်ကင်းများကို တာဝန်သိပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် နေခြင်းသာ ဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြု ပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက မြို့အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဓာတ်ပုံအဟောင်းများကို အသုံးပြု၍ အခြေ အမြစ်မရှိသည့် သတင်းအမှားများဖြင့် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိသည်။