အစ္စရေးသို စစ်လက်နက်တင်ပိုမှုအချိုကို ဗြိတိန် ဆိုင်းငံ့

အစ္စရေးသို စစ်လက်နက်တင်ပိုခွင့်ပြုထားသည့် လိုင်စင် ၃၅၀ ရှိသည့်အနက် ၃၀ ခန့်ကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လမ်မီက စက်တင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။

စစ်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများကို တင်ပိုမှုဆိုင်းငံ့လိုက်ခြင်းဖြစ်ပြီး လက်နက်ကုန်သွယ်မှုကို အလုံးစုံတားမြစ်လိုက်ခြင်း မဟုတ်သေးဟု မစ္စတာလမ်မီကဆိုသည်။ အစ္စရေးသိုတင်ပိုသည့် စစ်လက်နက်များအား နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြင်းထန်စွာချိုးဖောက်သည့်အခါ များတွင်သုံးခြင်းမျိုး ဖြစ်သွားနိုင်ကြောင်း၊အစ္စရေးသို ဗြိတိန်၏လက်နက်တင်ပိုမှုသည် တစ် ရာခိုင်နှုန်းပင်မရှိသည့်အတွက် အစ္စရေးလုံခြုံရေးအပေါ်သိသိသာသာ ထိခိုက်စေမည်မဟုတ်ကြောင်းနှင့် ဗြိတိန်က အစ္စရေး၏ကိုယ်ပိုင်ကာကွယ်ခွင့်ကို ဆက်ထောက်ခံကြောင်းလည်းပြောကြားသည်။

■Ref: Reuters