အကြွေး
ကျွန်တော်တို့
စစ်ကြောင်းသွားရင်း
လူမရှိသည့်တောင်ယာခင်းက
တောင်ယာခင်းရှင်တို့စိုက်ထားသည့်
သခွါးသီးလေးခူးစား၍
စာလောင်မူကို
ဖြေရှင်းအဆင်ပြေခဲ့ရပါသည်
ပိုင်ရှင်ရှိစိုက်ပျိုးထားသည့်
အသီးအနှံများကို
ခွင့်တောင်းဝယ်ယူခွင့်မရသည့်အတွက်
ကျွန်တော်တို့ခူးစားခဲ့သည့်
သခွါးသီးများရဲ့တန်ဖိုးကို
အားနာစွာဖြင့်
ကျေးဇူးတင်စကားနှင့်အတူ
ထိုက်သင့်ငွေလေးအား
ယာခင်းရှင်ရဲ့တဲလေးထဲမှာထားခဲ့ပါသည်
ယာခင်းရှင်လည်းရရှိမည်ထင်ပါသည်
တစ်ချိန်
ငြိမ်းချမ်းလေတဲ့အခါ
ကျွန်တော်ကိုယ်တိုင်လာရောက်၍
တောင်ယာခင်းရှင်အား
ကျေးဇူးတင်စကားပြောချင်ပါသည်
တစ်လုပ်စားခဲ့ရသည့်
ကျေးဇူးကြွေးဆပ်ချင်ပါသည်
ယခုလောလောဆယ်တော့
ခင်ပွန်းကြီးဆယ်ပါးဝင်အဖြစ်
သတိတရအကြွေးတင်နေသည်ဟု
ခံယူမှတ်သားထားပါသည်
တောင်ယာခင်းရှင်မိသားစု
ကျန်းမာပါစေ
ဘေးကင်းပါစေ
အစစအရာရာအဆင်ပြေကြပါစေခင်ဗျာ
Maj NNT