သပိတ်ကျင်းအနီးတိုက်ပွဲများအခြေအနေ

သပိတ်ကျင်းမြို့ပေါ်ရှိ ရုံး၊ ဌာနဆိုင်ရာ လုံခြုံရေးအဖွဲ့တွေနဲ့ မြို့အထွက်က တပ်စခန်းငယ်လေးတွေကို TNLA နဲ့ PDF ပူးပေါင်းအင်အားများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရလို့ မြို့ပေါ်လုံခြုံရေးလုပ်နေတဲ့အဖွဲ့တွေ နယ်မြေခံသင်တန်းကျောင်းတပ်ကို ပြန်လည်ပူးပေါင်းလာခဲ့ပါတယ်။

ဩဂုတ်လ ပထမအပတ်ကစပြီး မိုးကုတ်-တွင်းငယ်လမ်းကြောင်း၊ မတ္တရာ-သပိတ်ကျင်းလမ်းကြောင်း များပေါ်မှာ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိပါတယ်။

သပိတ်ကျင်းနဲ့တွင်းငယ်ကြားရှိ သင်တန်းကျောင်းများနှင့် တပ်ဌာနချုပ်များကို စစ်ကူစစ်ကြောင်းများရောက်ရှိနေပြီး လေကြောင်းပစ်ကူနဲပါ တိုက်ခိုက်နေလို့ အကြမ်းဖက်သောင်းကျန်းသူများ တပ်ဌာနချုပ်များကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ယခင်သိမ်းပိုက်ရရှိထားသည့် လက်နက်/ခဲယမ်းများကို အသုံးပြုပြီး သတင်းအတု၊ သတင်းအမှားများ ထုတ်ပြန်လျက်ရှိပါတယ်။

မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ သပိတ်ကျင်း နယ်တစ်ဝိုက်မှာရှိတဲ့ TNLA ၊ PDF များ အင်အားစုစည်းပြီး နယ်မြေခံတပ်များကို တိုက်ခိုက်နေသောကြောင့် ဒီနေ့မနက်အထိ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ