မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အသက်ရှည်ခြင်းရဲ့အဓိကအကြောင်း🌷

အသက်ရှည်ခြင်းရဲ့အဓိအကြောင်းတရား
က ကုသိုလ်ကောင်းမှုပဲဖြစ်တယ်..

ဘာဖြစ်လို့တုန်းဆိုရင်…
လူရဲ့အသက်ကို ဘယ်အရာက ထုတ်လုပ်
ထားသလဲဆိုရင်ကုသိုလ်ကံ ကထုတ်လုပ်
ထားတာ ဖြစ်တယ်။

တကယ့် မူရင်းအကြောင်းက ကုသိုလ်
တရားပဲ ဖြစ်တယ်။

အဲဒီ ကုသိုလ်တရားကိုအားဖြည့်ပေးဖို့ရာ
ပိုပြီး တော့ အဓိကကျတယ်။

အသက်ရှည်ဖို့ရာ လူတွေက ဆန္ဒပြုကြ
တာ မှန် တယ်။

တစ်ဦး နဲ့ တစ်ဦး တွေ့တဲ့အခါမှာ…
“အသက်ရှည်ကြပါစေ၊ အသက်ရှည်ပါ
စေ” နဲ့ ဆုတောင်းဆုယူ ပြုကြတယ်။

မိမိကိုယ်တိုင်လည်း ..
“အသက်ရှည်ရပါလို၏”လို့ ဆုတောင်း
ကြတယ်။

ဒီတော့ အသက်ရှည်ဖို့ရာ ဒီလိုဆန္ဒပြုရုံ
နဲ့ဖြစ်နိုင် သလားလို့ဆိုတော့
ဆန္ဒပြုမှုဟာအကြောင်းတစ်ခုမျှသာဖြစ်
တယ်။

တကယ် အသက်ရှည်ဖို့ရာ အတွက်
ကုသိုလ် ကောင်းမှု ပြုဖို့ လိုအပ်တယ်။

ဒါဖြင့် အသက်ရှည်ဖို့ရာအတွက်ကုသိုလ်
ကောင်းမှု လုပ်ရုံနဲ့ပြီးသလား၊
ဆေးဝါး ဓါတ်စာတွေ မလိုအပ် ဘူးလား
ဆိုတော့လိုအပ်တာပေါ့။

ဆေးဝါး ဓါတ်စာ အစာအဟာရ ဆိုတာ
အသက်ရှည်ဖို့ရာအတွက်အထောက်အကူ
ပြုတဲ့ အရာ တွေပဲ ဖြစ်တယ်။

လောကမှာ အကြောင်းနှစ်မျိုး ရှိတယ်။

ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းကို“ဇနက”
အကြောင်း လို့ ခေါ်တယ်…
ဒါက ထုတ်လုပ်တဲ့အကြောင်းဖြစ်တယ်။

ထုတ်လုပ်ပြီးသားတစ်ခုကို ကြာရှည်ခိုင်
ခန့် အောင်ထောက်ပံ့ကူညီတဲ့အကြောင်း
ကို “ဥပတ္ထမ္ဘက”အကြောင်းလို့ခေါ်တယ်။

ဒီတော့…အသက်ရှည်မှုကို အဓိကဖြစ်စေ
တာ က ကုသိုလ်ကံ

အဲဒီ.. ကုသိုလ်ကံရဲ့ အကျိုးတရား ကိုမှ
အခုပြောတဲ့ဆေးဝါး၊ဓါတ်စာ၊ရာသီဥတု
စသည်ဖြင့်မိမိတို့ရဲ့ပြုမူနေထိုင်မှုကအစ
ကျန်းမာအောင်နေထိုင်မှုကအစထောက်ပံ့
ကူညီတာ။

ဒါတွေဟာ…. အသက်ရှည်ခြင်းအတွက်
အထောက်အကူပဲ ဖြစ်တယ်တဲ့။

လူတွေမသိပညာရှိများချီးမွမ်းတဲ့ အပ္ပ
မာဒ,
များ သော အားဖြင့် လူတွေက အသက်
ရှည်ဖို့ အတွက်လိုအပ်တယ်ဆိုတာသိကြ
တယ်။

အထောက်အကူ အကြောင်းတွေ ကိုသိ
ကြတယ်။

အသက်ရှည်ဖို့အတွက် ဆေးကောင်းဝါး
ကောင်းလိုအပ်တယ်။

အစာအဟာရကောင်းကောင်း စားရမယ်၊
ရာသီ ဥတု ကောင်းတဲ့နေရာမှာ နေရမယ်
ဆိုတာတွေက လူတိုင်းသိတဲ့ အရာဘဲဖြစ်
တယ်။

လူတွေမသိတဲ့အရာကို မြတ်စွာဘုရားက
ဟောတာ။

“အသက်ရှည်မှုကို လိုလား တောင့်တမယ်
ဆိုရင် ကုသိုလ်ကောင်းမှု ၌ မမေ့မလျော့
ခြင်းဆိုတဲ့ “အပ္ပမာဒ” တရား ကို ပညာရှိ
များကချီးမွမ်းကြ တယ်” တဲ့။

ကုသိုလ်ကောင်းမှုကို မမေ့ပါနဲ့ ကုသိုလ်
ကောင်းမှု လုပ်ပါလို့ ဆိုလိုတာဖြစ်တယ်။

ဒါကြောင့် “အပ္ပမာဒ” ဆိုတာ မြန်မာလို
ပြန်တော့”မမေ့မလျော့ခြင်း”တဲ့။

ကုသိုလ်ကောင်းမှုပြုဖို့အမှတ်ရတဲ့သတိ
ကို ပြောတာပေါ့။

ကျေးဇူးတော်ရှင်််ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

ဒေါက်တာနန္ဒမာလာဘိဝံသ