ရှမ်းပြည်နယ်မြောက်ပိုင်း ၊ KIA တပ်မဟာ (၁၀) အုပ်ချုပ်နယ်မြေအတွင်းသို့ MNDAA တပ်ဖွဲ့မှ နယ်ကျော်လာပြီး နယ်မြေခံ KIA တပ်ဖွဲ့ဝင်များကိုမတရား ဖယ်ရှားခိုင်းခဲ့မှုဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။
ယမန်နေ့ ( ဩဂုတ် ၊ ၂၅၊၂၀၂၄) ရက်နေ့တွင် ဟွေဒေါင်မြို့နယ် ၊ ဖာလျှန်တိုက်နယ်ရှိ KIA တပ်ဖွဲ့ဝင်များကို MNDAA တပ်ဖွဲ့ဝင်များမှ နယ်ကျော်လာပြီး KIA တပ်ဖွဲ့များကို ဖယ်ရှားခိုင်းခဲ့၍ စစ်ရေးတင်းမာနေကြောင်း သိရှိရသည်။
“ ပြီးခဲ့တဲ့ ( ဩဂုတ် ၊ ၂၃၊၂၀၂၄) ကနေ MNDAA တွေက ဟွေဒေါင်တိုက်နယ် ဂျမ်လောင်းကျေးရွာက KIA တပ်ဖွဲ့ဝင်တွေကို အင်အား အလုံးအရင်းနဲ့ KIA တွေကို လာဝိုင်းပြီး မနေ့က ( ဩဂုတ်၊၂၅၊၂၀၂၄) ညနေ (၄) နာရီမှာ မဖယ်ပေးရင် ပစ်ခတ်ရှင်းလင်းမယ်လို့ပြောလာခြင်း ဖြစ်သည်။
အဆိုပါ ဖာလျှန် တိုက်နယ်သည် (၁၉၆၁ )ခုနှစ် ၊ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် KIA တပ်ဖွဲ့ စတင် ဖွဲ့စည်းတည်ထောင်ပြီးနောက် KIA ၏ ပထမဦးဆုံးသော တပ်စခန်းတည်ဆောက်ကာ KIA တပ်သားသစ်များအား စစ်သင်တန်း သင်ကြားပို့ချ ပေးခဲ့သော KIA ၏ သမိုင်းဝင်နေရာ၊ နယ်မြေဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် ( ဩဂုတ် ၊ ၅၊၂၀၂၄) မှစ၍ သိန်းနီမြို့နယ် နမ့်ဇလပ်ကျေးရွာတွင်လည်း KIA တပ်ဖွဲ့ဝင်များ စစ်ယူနီဖောင်းဝတ်ကာ လက်နက်များကိုင်ဆောင်သွားလာခွင့်မရှိကြောင်း MNDAA မှ တားဆီးပိတ်ပင်ခဲ့၍ နှစ်ဘက်စစ်ရေးတင်းမာခဲ့သည်။ MNDAA ကတော့ KIA ကို နားရွက်တံတွေးစွတ်နေပြီ…သမိုင်းဝင်နေရာကိုတောင် ခြေချပြီး စော်ကားရဲတယ်ဆိုတော့….KIA ငြိမ်ခံနေမှာလား?