ရခိုင်တောင်ပိုင်းမှာ အထိနာနေတဲ့ အကြမ်းဖက် AA

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ဂွ၊ ကျိန္တလီအနီးမှာဖြစ်နေတဲ့ တိုက်ပွဲဖြစ်စဥ်များမှာ AA အကြမ်းဖက်သောင်းကျန်းသူများကို လက်မခံတဲ့ တောင်ပိုင်းက ရခိုင်ပြည်သူများက လုံခြုံရေးတပ်ဖွဲ့များကို နည်းလမ်းမျိုးစုံနဲ့ သတင်းများပေးပို့မှုကြောင့် AA သောင်းကျန်းသူများ၏ အခြေပြုနေရာများကို ရှင်းလင်းနိုင်ခြင်း၊ မိမိအခြေပြုနေရာများကို လာရောက်တိုက်ခိုက်မည့် AA အဖွဲ့၏ သတင်းများကို ကြိုတင်ရရှိခြင်း၊ တိုက်ပွဲဖြစ်ပွားပြီး ဆုတ်ခွာထွက်ပြေးတဲ့ AA အကြမ်းဖက်သမားများကို ထပ်ကြပ်လိုက်လံရှင်းလင်းတိုက်ခိုက်နိုင်ခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲအကျိုးအမြတ်များစွာရရှိနေပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့မနက်မှာ ကျိန္တလီမြို့အနီးရှိ လုံခြုံရေးတပ်ဖွဲ့များ အခြေပြုနေရာကို လာရောက်တိုက်ခိုက်မယ်လို့ ရွာသားတစ်ဦးရဲ့ ဖုန်းသတင်းပေးပို့ချက်အရ အသင့်ကြိုတင်စောင့်ဆိုင်းနေစဥ် AA အကြမ်းဖက်သောင်းကျန်းသူ၅၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ AA အဖွဲ့ အထိနာပြီး သေဆုံးအလောင်းများအား ဆွဲယူ ဆုတ်ခွာထွက်ပြေးသွားပါတယ်။

ဆုတ်ခွာထွက်ပြေးသွားတဲ့ရန်သူ့နောက်ကို ထပ်ကြပ်လိုက်လံရှင်းလင်းခဲ့ရာ မသယ်နိုင်ဘဲ ကျန်ခဲ့တဲ့ လက်နက်ခဲယမ်းများနဲ့ အလောင်း ၁ လောင်း သိမ်းဆည်းရမိခဲ့။

(က) PKM စက်လတ် ၁ လက်။
( ခ ) Type-81 သေနတ် ၃ လက်။
( ဂ ) M-22 သေနတ် ၁ လက်။
(ဃ) MA-3 သေနတ် ၁ လက်။
( င ) MA-1 သေနတ် ၂ လက်။
(စ) ကျည်မျိုးစုံ ၅၀၀၀ ကျော်။
(ဆ) ကျည်အိမ်မျိုးစုံ ၂၂ ခု။
(ဇ) RPG ၃ လုံး။
(ဈ) လက်ပစ်ဗုံး ၄ လုံး။
(ည) အီနာဂါ ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။