ဩဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ရွာအတွင်း ခိုအောင်းလျက်ရှိတဲ့ KNDF/KPDF မာဝီ၏ တပည့်အပေါင်းအပါများအား ဝင်ရောက်ရှင်းလင်းရာ KNDF/KPDF ၁၀ ဦးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ –
(၁) အကြမ်းဖက် KNDF/KPDF အလောင်း ၃ လောင်း
(၂) MA-1 သေနတ် ၂ လက်
(၃) MA-3 သေနတ် ၁ လက်
(၄) ကျည် ၁၅၀ တောင့်
(၅) ကျည်အိမ် ၈ ခု
(၆) လက်ပစ်ဗုံး ၃ လုံး
(၇) ကျောပိုးအိတ် ၃ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။
အလားတူ ဩဂုတ် ၁၈ ရက်နေ့ကလည်း ၆ မိုင်ရွာ၌ပင် အကြမ်းဖက် မာဝီ သတင်းရရှိသဖြင့် ရှင်းလင်းခဲ့ရာ M-22 သေနတ် ၁ လက်နှင့် ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။


