အုပ်ချုပ်ရေးမှူးအား ရှာမတွေ့သဖြင့် အုပ်ချုပ်ရေးမှူးပိုင်ကားအား PDF အဖွဲ့မှသိမ်းယူ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြိုနယ်၊ထန်းခွကျေးရွာအတွင်းသို ဩဂုတ်လ ၂၄ ရက်နေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF အင်အား ၅၀ ခန့် လက်နက်များ ကိုင်ဆောင်ကာ ခြေလျင်ဝင်ရောက်လာပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအား နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ ဝင်ရောက်ရှာဖွေခဲ့သည့် ဦးညိုလုံးနှင့် မိသားစုမှာ အခြားသို ရှောင်တိမ်းနေသဖြင့် တွေ့ရှိသွားခြင်းမရှိဘဲ အကြမ်းဖက် PDF များက ဦးညိုလုံး၏ နေအိမ်မှ လိုက်ထရပ်ယာဥ်အား ယူဆောင်ကာ ပဲချက်ကျေးရွာဘက်သို ထွက်သွားကြောင်းသိရှိရသည်။