ဩဂုတ်လ ၁၉ ရက်၊ နေ့လည် ၁၁နာရီ ၁၅မိနစ် အချိန်ခန့်က ပေါင်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဥ်တွင် ပေါင်မြို့နယ်၊ ဥတ္တံတားအပြင် ကျေးရွာ၊ ရပ်ကွက်(၆)၊ ဘောဃဗလလမ်း၊ နေအိမ်တစ်အိမ်၌ ပေါက်ကွဲသံ(၁)ချက် ကြားရကြောင်း ဒေသခံများ၏ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်၍ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ဦး….. ပိုင်ဆိုင်သည့်နေအိမ်မှ ကြားရခြင်းဖြစ်ကြောင်းနှင့် ၎င်း၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်အား ရှာဖွေခဲ့ရာ နေအိမ်တွင် လူနေထိုင်ခြင်းမရှိဘဲ နေအိမ်စပါးသိုလှောင်သည့် ဂိုဒေါင်အနီးဝန်းကျင်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
crd//Saw Ba Maung




