-ဩဂုတ်လ ၁၃ ရက်နေ့ ၁၇၃၀ နာရီတွင် ချောက်မြို့နယ်၊ ကြို့ပင်စုကျေးရွာနေ ဦးမောင်ညို(၆၈)နှစ်သည် နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၇ ဦးခန့်မှ လက်နက်ငယ်များကိုင်ဆောင်၍ Mark-II အဖြူရောင် ယာဉ်ဖြင့် ရောက်ရှိလာပြီး ဦးမောင်ညိုတို့အား သေနတ်ဖြင့်ပစ်ခတ်၍ နေအိမ်အတွင်းရှိ မော်တော်ယာဉ် ၂ စီး အား ယူဆောင်သွားခဲ့ရာ ဦးမောင်ညိုတွင် ရင်ဘတ်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ၊ ဇနီးဖြစ်သူ ဒေါ်ဌေး (၅၂)နှစ်တွင် ရင်ဘတ်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ၊ သားဖြစ်သူ ဇော်ဇော်အောင်(၄၀)နှစ်တွင် ရင်ဘတ်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ၊ သမီးဖြစ်သူ ဇာဇာလင်း(၃၇)နှစ်တွင် ဦးခေါင်း၊ ယာလက် မောင်း၊ ခါးကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်းသိရှိရ။
-ဩဂုတ်လ ၁၃ ရက် ၁၈၁၅ နာရီတွင် ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာတွင် နေထိုင်သော ဦးမောင်ဝင်း(၅၆)နှစ်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးသည် ဆိုင်ကယ် ၂ စီး ဖြင့်ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်ကာ ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမောင်ဝင်းတွင် နဖူး၊ နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။