ဩဂုတ်လ ၉ ရက်နေ့တိုက်ပွဲသတင်းများ

ဗန်းမော်

ဗန်းတက္ကသိုလ်ကို KIA အဖွဲ့က ရှော့တိုက်ဒုံး၊ လက်နက်ကြီးများ ၁၇ လုံးခန့် ပစ်ခတ်ခဲ့တယ်လို့သိရှိရပြီး လူ/ အဆောက်အဦတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။

သီပေါ

သီပေါမြို့နယ်၊ နောင်ကော်ကြီးရှိ တပ်ဌာနချုပ်တစ်ခုအား အကြမ်းဖက် TNLA/PDF ၈၀ ဦးခန့်က လက်နက်ကြီး/ငယ်များဖြင့် ၂ ကြိမ်လာရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဒီးမော့ဆို

ဒီးမော့ဆိုမြို့၊ ဒေါကလိုက်လင်းလမ်းဆုံတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KNPP/KNDF အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ ၁ လောင်း၊ ၁ လက်ရရှိခဲ့ကြောင်း သိရှိရပါသည်။

မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် မြို့ကာကွယ်ရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် AA အဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရပါသည်။

တိုက်ပွဲသတင်းစုံ