“ကျားသစ်မယ်နဲ့ မြွေဟောက်မတွေ့ပြီးနောက်ပိုင်း။ လက်ပါပြဲ မာချက်”လို့ ဩဂုတ်လ ၄ ရက် ညနေမှာ ကျင်းပခဲ့တဲ့ Thai Fight မွေထိုင်းပြိုင်ပွဲအပြီး ပြိုင်ဘက်အာဂျင်တီးနားသူ ဖလော်ရန်စီယာကို အမှတ်နဲ့အနိုင်ရခဲ့တဲ့ ဘရော်နီကာက အသားဖတ်ပဲ့ထွက်တဲ့အထိ ကွဲသွားတဲ့လက်သီးပုံပြပြီး ပို့စ်တင်လာပါတယ်။
ကစ်ဘောက်ဆင်နဲ့ မွေထိုင်းချန်ပီယံ အာဂျင်တီးနားဖိုက်တာ ဖလော်ရန်စီယာဟာ ဘရော်နီကာအတွက် ပြိုင်ဘက်ကောင်းဖြစ်ခဲ့ပြီး သူမရဲ့ခြေကန်ချက်တွေနဲ့ ထောက်လက်သီးတွေ အလုပ်ဖြစ်ခဲ့သလို ဘရော်နီကာကလည်း ပူးကပ်တိုင်းမှာ ထိထိမိမိထိုးသတ်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာဘရော်နီကာရဲ့ လက်သီးတွဲလုံးတွေ လက်ပြန်ရိုက်ချက်တွေ အလုပ်ဖြစ်ခဲ့ပြီး ဖလော်ရန်စီယာဂရက်ကို ပထမအချီတင် ဘယ်မျက်လုံးကွဲခဲ့ပါတယ်။
ဒုတိယအချီမှာလည်း ဘရော်နီကာတိုက်စစ်ဖွင့်ပြီး ဖိထိုးပေမဲ့ နောက်ဆုံးစက္ကန့်မှာ ဖလော်ရန်စီယာဂရက်ရဲ့ ညာနေခြကန်ချက် ဘယ်နားအုံတိုက်ရိုက်ထိပြီး လက်ထောက်ကျတဲ့အထိရုပ်ပျက်ဆင်းပျက် မတော်ချီထိသွားပေမဲ့ ဘရော်နီကာ ချက်ချင်းထနိုင်တာ၊ ပွဲသိမ်းခေါင်းလောင်းတီးတာကြောင့် အမှတ်စဥ် အရေမခံရလို့ ဒိုင်အဆုံးအဖြတ်မှာကံကောင်းသွားတာလည်းပါပါတယ်။
တတိယအချီအစမှာလည်း ဘရော်နီကာ ခြေကန်ချက်ထပ်မိပြီး ယိုင်သွားတာကြောင့် ဖလော်ရန်စီယာကတိုက်စစ်တရစပ်ဖွင့်ပေမဲ့ ဘရော်နီကာ အခြေအနေပြန်ထိန်းချုပ်ပြီး ကောင်တာနဲ့ ထိချက်ပိုအောင်ထိုးလိုက်နိုင်တာကြောင့် အမှတ်နဲ့ အနိုင်ရခဲ့ပြီး အရှုံးက ပြန်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
crd//