ဒီနေ့မနက်စောစော ရောင်နီမလာခင်အချိန်မှာတော့ လေကြောင်းဗုံးကြဲသံ၊ လက်နက်ကြီးသံ၊ လက်နက် ငယ်သံများ ပြင်းထန်ကျယ်လောင်စွာ ကြားနေရပါတယ်။ တပ်မတော်(လေ)ရဲ့ ဗုံးကြဲမှုကလည်း ယခင်နဲ့ မတူ တမူထူးစွာ အုပ်လိုက်ကြဲလာတာကို တွေ့ရပါတယ်။လက်နက်ငယ်သံတွေ တစ်ညလုံးကြားနေရတဲ့အတွက် တိုင်းဌာနချုပ်ကြီး အလုံးစုံကျသွားခြင်းမရှိတာတော့ သေချာပါတယ်။ လက်လွှတ်ခဲ့ရတဲ့ အချိုနေရာတွေကို မြေပြင် တပ်တွေက ပြန်လည်ထိုးဖောက်တာ ရပြီလိုလည်း သိရပါတယ် (နေရာအတိအကျ ပြောဖိုမသင့်လို မဖော်ပြ)။ ပြန့်ကျဲသွားတဲ့ တပ်ဖွဲတွေအချင်းချင်း ပြန်လည်ချိတ်ဆက်မိသွားပြီး စစ်ကူစစ်ကြောင်းကြီးတွေနဲ့လည်း ချိတ်ဆက်မိပြီလို သိရှိရပါတယ်။ တိုင်းဘောလုံးကွင်း အနောက်ဘက်မှာဖြစ်တဲ့ ထိတွေ့မှုမှာလည်း MNDAA အလောင်း ၃ လောင်း၊ လက်နက်(၅)လက် (M-22 ၄ လက်၊ တရုတ်စက်လက် ၁ လက်)ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ အခုချိန်ထိ နေရာအနှံ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပါတယ်။မြေပြင်မှာ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်များကိုလည်း ဂုဏ်ယူပါတယ်။ လားရှိးမြိုကြီး ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တပ်မတော်သားတွေအတွက် ဆက်လက်တိုက်ပွဲဝင်နေရမှာပဲ၊ သူပုန် တွေလည်း အနှေးနဲ့အမြန် ချေမှုန်းခံရမှာပါပဲ။
Related Posts
ရေတာရှည်တိုက်ပွဲ နောက်ဆက်တွဲသတင်း
- admin
- November 18, 2023
ရေတာရှည်မြို့နယ်၊ အင်းကြီးပေါက်ရွာအနီးတိုက်ပွဲမှာ တပ်မတော်ဘက်က Mi35 လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့လို့ KNLA နဲ့ PDF တွေ ၇၀ ကျော် ထိခိုက်ကျဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ ပြောကြားချက်အရ သိရှိရပါတယ်။ […]
စစ်ကိုင်း၊ မလဲသာရွာမှာ အကြမ်းဖက် ဖမ်းမိ
- ပုည
- July 11, 2023
အရာတော်မြို့နယ် မလဲသာကျေးရွာအနီး လုံခြုံရေးအဖွဲ့ဝင်များမှ အများပြည်သူများအေးချမ်းစွာနေထိုင်ရေး လှည့်ကင်းများဆောင်ရွက်နေစဉ် နေအိမ် ၁ လုံးအတွင်းမှ
တောင်ခမ်းမှာ ရန်သူ့အလောင်းလက်နက်များ ထပ်မံသိမ်းဆည်းရရှိ
- admin
- October 28, 2024
အောက်တိုဘာ ၂၇ ရက် တောင်ခမ်းဒေသတွင် အကြမ်းဖက် TNLA များ ရောက်ရှိနေသော ကျောက်တောင်ကုန်းအား သတင်းအရ သွားရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ကျောက်တောင်ကုန်းမှ […]