ရန်ကုန် – မော်လမြိုင်လမ်းပေါ် သထုံမြို့နယ်ထဲက ကမာစိုင်တံတား ကို ယနေ့ မနက်အစောပိုင်းမှာ KNU/KNLA နဲ့ PDF အကြမ်းဖက်အဖွဲ့များက ထပ်မံ မိုင်းခွဲဖျက်ဆီးသွားကြောင်း သိရသည်။
ရန်ကုန် – မော်လမြိုင် ကားလမ်းပိုင်းက ဘီးလင်းနဲ့ သထုံကြားမှာရှိပြီး KNU/KNLA နဲ့ PDF အကြမ်းဖက်သမား တွေ က မိုင်းခွဲဖျက်ဆီးထားတာကြောင့် မစောတံတားအနီး ကမာဆိုင်ကွက်သစ်အကျော် မိုင်တိုင်-၁၃၃/၆ နဲ့ ၁၃၃/၇ ကြားရှိတဲ့ တံတားငယ်ဟာဒီမနက် ၄ နာရီကျော်မှာ မိုင်းခွဲခံရပြီး တံတားငယ်တစ်စင်းလုံး ကျိုးပျက်သွားတာကြောင့် ယာဉ်ကြီးယာဉ်ငယ်များ သွားလာလို့မရ ဖြစ်နေကြောင်း ဒေသခံ သတင်းများအရ သိရသည်။
MyanmarNationalPost

