မောင်တောနယ်မြေတွင် ARSA အဖွဲ့နှင့် AA အဖွဲ့ တိုက်ပွဲများပြင်းထန်လျက်ရှိ

သြဂုတ်လ ၁ ရက်က မောင်တောမြို့တွင် AA အကြမ်းဖက် တပ်ဖွဲဝင် ကား ၅ စီးဖြင့် စစ်ကူနှင့်ရိက္ခာသယ်ဆောင်လာသော ကားတစ်စီးလျှင်တပ်ဖွဲဝင် (၂၀) ဦးခန့် ပါသည့် ကားများကို ARSA အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်..

အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက် AA တပ်ဖွဲ့ဝင် ၁၈ ဦး နေရာတွင်သေဆုံးသွားခဲ့ကာ ၈ ဦး အရှင်ဖမ်းမိထားပြီးကား ၂ စီးပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း ARSA အဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်မှာ AA အကြမ်းဖက် တပ်ဖွဲဝင်များ ယမန်နေ့ ဇူလိုင်လ (၃၁) ရက်နေ့  ညနေ (၄) နာရီခန့်တွင် ဘူးသီးတောင်မှ မောင်တောသို့ စစ်ကူ နှင့် ရိက္ခာများသယ်ဆောင်လာသော ကားများ ဖြစ်ကြောင့် သိရှိရပါတယ်။

မောင်တောတွင် ရခိုင်တိုင်းရင်သားများသည် တိုက်ပွဲ မဖြစ်ခင်ကတည်းက AA အကြမ်းဖက်အဖွဲ့၏ အတင်းတိမ်းရှောင်ခိုင်းမှုကြောင့် အားလုံးမြို့ကို စွန့်ခွာပြီး တိမ်းရှောင်သွားခဲ့ရပါတယ်။

ရခိုင်တိုင်းရင်းသားများမရှိတော့တဲ့ မောင်တောမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂါလီကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဘင်္ဂါလီလူမျိုးများအား ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများကြောင့် ဘင်္ဂါလီကျေးရွာများကို ကာကွယ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲတွင် အခြေချနေသော ARSA အဖွဲ့က ဘူးသီးတောင်၊ မောင်တော နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် AA အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရပါတယ်။

တိုက်ပွဲသတင်းစုံ