ရုရှားက သူ့နိုင်ငံထဲကို တိုက်ခိုက်ဖို့ ကျူးကျော်ဝင်ရောက်လာတဲ့ ဒရုန်း ၃၉ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားဘက်က ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ရက် နေ့ မှာ ထုတ်ပြန်ထားတယ်။
ရုရှား-ယူကရိန်းနယ်စပ်က ခါ့စ်၊ ဘဲလ်ဂရောဒ့်၊ လီနင်ဂရက်နဲ့ ဗိုရိုနက်ဇ် မြို့တွေကိုဝင်ရောက် လာတာဖြစ်ပြီးရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒရုန်းအပျက်အစီးတွေကို ဘဲလ်ဂရောဒ့်နဲ့ လီနင်ဂရက်မြို့တွေမှာ တွေ့ခဲ့ရတယ်လို့ ရုရှားသတင်းတွေမှာ ဖော်ပြထားတာကို တွေ့ရတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအစပိုင်းမှာ ယူကရိန်းရဲ့ ဒရုန်းတွေကြောင့် ရုရှားဘက်အထိနာခဲ့ပြီး နောက်ပိုင်းမှာ ရုရှားရဲ့ ဒရုန်းရန်ကာကွယ်ရေးစနစ်တွေကို ပိုမိုလုပ်ဆောင်လာနိုင်ခဲ့တဲ့အတွက် ယူကရိန်းရဲ့ ဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာကို တွေ့နေရတယ်။
ရုရှားနဲ့ မြန်မာကလည်း ခုနောက်ပိုင်းမှာ ပူးပေါင်းနေတာဆိုတော့ရုရှားရဲ့ ဒရုန်းရန်ကာကွယ် ရေးစနစ်တွေနဲ့ ဒရုန်းနည်းပညာတွေ မြန်မာနိုင်ငံမှာရောက်နေပြီလား…….?