တရုတ်နဲ့ဂျပန်တွေစိတ်၀င်စားနေတဲ့ ရခိုင်မှအနက်ရောင်သဲများအကြောင်းသိကောင်းစရာ။ ဒီတလောသတင်းမှာတွေ့နေရတာကရခိုင်ပြည်နယ်ရသေ့တောင်မြိုနယ်(အငူမော်)ကျွန်းက အနက်ရောင်သဲများကိုတရုတ်ပြည်ကစိတ်၀င်စားပြီးလာရောက်စမ်းသပ်မှုတွေပြုလုပ်နေတယ်ဆိုတာပါပဲ။ မြန်မာပြည်သူ အများစုကတော့အဲ့ဒီ အနက်ရောင်သဲတွေက ဘာလဲ၊ဘယ်မှာသွားသုံးမှာလဲ၊ဘာတန်ဖိုးရှိလဲဆိုတာသိကြအုံးမယ်လိုမထင်ပါ အဆိုပါအနက်ရောင်သဲများကအင်္ဂလိပ်လိုတော့Rare Earthလိုခေါ်ပါတယ်။တိုက်ရိုက်ပြန်ရင်ရှားပါးတဲ့မြေပေါ့၊ဒါပေမဲ့အဲ့ဒီပစ္စည်းကရှားလည်းမရှားပါး၊မြေကြီးလည်းမဟုတ်ပါဘူး။Rare Earthဆိုတာကဒြပ်စင်ပေါင်း၁၇မျိုးပါ၀င်တဲ့သတ္တုဒြပ်အမျိုးအစားတွေကိုခေါ်ပါတယ်။ အဲ့ဒါတွေကတော့…scandium (Sc-21),yttrium(Y-39),lanthanum(La-57),cerium(Ce-58),praseodymium(Pr-59),neodymium(Nd-60),promethium(Pm-61),samarium(Sm-62),europium(Eu-63),gadolinium(Gd-64), terbium(Tb-65),dysprosium (Dy-66),holmium […]