တက္ကသိုလ်တက်ရင်း စစ်သင်တန်းတက်‌နေကြတဲ့ UTC ဆိုတာ

ယနေ့ခေတ်မှာ လူငယ်တွေ တက္ကသိုလ်တက်ရင်း စစ်သင်တန်းတက်‌နေကြတဲ့ UTC ဆိုတာ..

အဆင့်မြင့်ပညာအဆင့်ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တက်ရောက်ခြင်းအားဖြင့် တပ်မတော်၏ဓလေ့စရိုက်နှင့် သဘောသဘာဝတို့ကို နားလည်စေပြီး စစ်ပညာရပ်များအား လေ့ကျင့်သင်ကြားနိုင်သော အခွင့်အရေးရရှိ၍ အနာဂတ်လုပ်ငန်းနယ်ပယ်အသီးသီး၌ တာဝန်ထမ်းဆောင်ချိန်တို့တွင် တွေ့ကြုံရမည့်အခက်အခဲ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ခြင်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများ တိုးတက်စေမည်ဖြစ်သလို နိုင်ငံတော်ကာကွယ်ရေးတွင် အရန်အင်အားစုများအဖြစ် အကျိုးပြုစေခြင်း၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်ခြင်း၊ အချိန်ကိုအကျိုးရှိစွာ စနစ်တကျစီမံခန့်ခွဲတတ်ခြင်းနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးကြုံလာလျှင် နိုင်ငံသားတစ်ဦးအနေဖြင့် တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင် နိုင်ရန်အသင့်ဖြစ်စေခြင်း စသည့်ခံယူချက်နှင့် အတွေ့အကြုံကောင်းများစွာကို ရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။