ယခင်က ထိုင်း-မြန်မာကုန်သွယ်ရေးကို ရန်ကုန်-မြဝတီ-Tak ခရိုင် နဲ့ ရန်ကုန်-ဘုရားသုံးဆူ ကုန်းလမ်းကြောင်းမှတဆင့် အပြန်အလှန် ကုန်ကူးကြတယ်။ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ထိုင်ထားတာ Tak ခရိုင် (ထိုင်း) က အကြီးအကျယ် စီးပွားဖြစ်တယ်။ အဓိက သွင်းကုန်/ထုတ်ကုန် လုပ်နေတာတော့ ရန်ကုန်နဲ့ ဘန်ကောက်ပေါ့။ အခုတော့ KNU/PDF တွေကြောင့် တိုက်ပွဲတွေဖြစ်ပြီး ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားရဆဲဖြစ်တယ်။
မြန်မာ၊ ထိုင်းအစိုးရတွေဟာ ကုစားမှုတစ်ခုအနေနဲ့ ရေလမ်းကြောင်းကို အသုံးပြုလိုက်ပါတယ်။ အဲဒီလမ်းကြောင်းကတော့ ရန်ကုန်-ကော့သောင်း-ရနောင်း-ဘန်ကောက် လမ်းကြောင်းပါ။ ကော့သောင်းက Check Point ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းကို ပင်လယ်ကူး ကွန်တိန်နာ သင်္ဘောကြီးတွေနဲ့ ကုန်ကူးတယ်။
အကျိုးရလဒ်က တွဲကား အစီး ၂၀၀ လောက် အကြိမ်ကြိမ်ကဲ့ရတဲ့ပစ္စည်းတွေကို သင်္ဘော ၁ စီးတည်းနဲ့ တစ်ခါတည်းပြတ်ပါတယ်။ ရန်သူ့ဖျက်ဆီးမှုဒဏ်လည်း မခံရ။ ဆီကုန်သက်သာပြီး ဒေသခံတွေဆီကို ဈေးနှုန်း ချိုသာစွာ ပစ္စည်းရောက်ပါတယ်။ အင်မတန်ကောင်းမွန်တဲ့ ကုန်သွယ်မှု အစီအစဉ်ပါပဲ။
မှိုလိုပေါက်နေတဲ့ အဖွဲ့အစည်းမျိုးစုံဂိတ်တွေကို အခွန်ပေးစရာမလိုတော့ဘူး။ ကုန်ကျစရိတ် အများကြီး သက်သာသွားတယ်။ ဒါပေမယ့် Tak ခရိုင် (ထိုင်း)ကတော့ ဆုတ်ယုတ်သွားပြီး ရနောင်း (ထိုင်း)က အကျိုး အမြတ်ရပါလိမ့်မယ်။ Tak ပြည်နယ်ကလည်း ကုန်းလမ်းကြောင်း ပြန်ပွင့်ဖို့အတွက် ထိုင်းအစိုးရကို တောင်းဆိုပြီး နယ်စပ်မှာရှိတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို ဖယ်ရှားပစ်လိမ့်မယ် ဆိုတာ ပြောချင်ပါတယ်။
KT