နယ်စပ်ကုန်သွယ်ရေး ပုံစံအသစ်စနစ်အသစ်ဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းသို့ ကွန်တိန် နာ သင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်နေပြီဖြစ်ရာ ဇူလိုင်လ ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ဆိုက်ကပ်ခဲ့ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်စည်ပို့ဆောင်ရန် ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ကုန်စည်တချို့ ပြန်လည်တင်ဆောင်ကာ ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ကုန်စည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်…
တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များ အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်တိုက်ခိုက်မှုကြောင့် ရပ်ဆိုင်းနေသော်လည်း ပင်လယ်ရေကြောင်းလမ်းမှ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်..
#ခင်ညိုချော