ရိုးမလုပ်ငန်းစု တည်ထောင်သူ မစ္စတာ ဆာ့ဂျ်ပန်း(ခေါ်)ဦးသိမ်းဝေမှာ မည်သည့်တရားစွဲဆိုချက်မှ ပြုလုပ်ခံထားရခြင်းမရှိဟု ရိုးမဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံရှိ ရိုးမလုပ်ငန်းစု လီမိတက် (Yoma Strategic Holdings Ltd.) ၏အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူလည်းဖြစ်သော မစ္စတာ ဆာ့ဂျ်ပန်း(ခေါ်) ဦးသိမ်းဝေ အနေနှင့် ရိုးမဘဏ်လုပ်ငန်းနှင့်ဆက်စပ်နေသော အကြောင်းအရာများကို ဗဟိုဘဏ်အပါအဝင်ဘဏ်လုပ်ငန်းစောင့်ကြည့်စစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းအပေါ်မြန်မာအစိုးရက မည်သည့်တရားစွဲဆိုချက်မှ ပြုလုပ် ထားခြင်းမရှိကြောင်း ရိုးမအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းစုလီမိတက်က ဇူလိုင်လ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါတယ်။