မနေ့က မနက်ပိုင်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်း၊ ထနောင်းကုန်းကျေးရွာအနီးက PDF အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်ကို မနက်(၁၁)နာရီ၀န်းကျင်မှာ ပထမအကြိမ် တပ်က ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့ ပါတယ်။
ဒရုန်းဗုံးကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ PDF အဖွဲ့တွေကို ထနောင်းကုန်းကျေးရွာ ဆေးခန်းမှာ ဆေးကုသနေချိန် ဒရုန်းထပ်ရောက်လာပြီး ထပ်မံတိုက်ခိုက်ရာမှာ PDF များကို ဆေးကုသပေးနေသူအပါ PDF စုစုပေါင်း ၇ ဦး သေဆုံးခဲ့တာပါ။
ပထမတိုက်ခိုက်တယ့် ဒရုန်းကြောင့် PDFများဟာ ဒဏ်ရာသာရခဲ့ပေမယ့် ထပ်မံလိုက်လံတိုက်ခိုက်တဲ့ ဒရုန်းကြောင့် PDF များ ထပ်မံသေဆုံးရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
#တိုက်ပွဲသတင်းစုံ