၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် လွယ်ထွဲကျေးရွာရှိ သုဝဏ္ဏာရာမလွယ်ထွဲကျောင်း၌ လွိုင်ကော်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံမှ နယ်လှည့်ဆေးကုသ ရေးအဖွဲ့၏ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းအခမ်းအနားကို တိုင်းမှူးနှင့်အဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဒေသခံပြည်သူ (၂၁၀) ဦးတို့၏ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဆီးကျောက်တည်ရောဂါ၊ အရေးပြားရောဂါ၊ ခါးနာရောဂါနှင့် အထွေထွေရောဂါစသည့် ရောဂါများကို ကျန်းမာရေးဆေးစစ်ကုသမှုများဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများကို လွိုင်ကော်တပ်နယ်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံသို့ ဆေးရုံတက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် အိမ်ထောင်စု ၁ စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု ၂၇၀ စု အတွက် ဆန် ၂၃ အိတ်နှင့် ဆီ ၁၃၅ ပိဿာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေနေကြာ





