မန္တလေးက သူရဲကောင်း ဆရာကြီးဇော်လင်း

မတ္တရာက Alpha ဘိလပ်မြေစက်ရုံဟာ…တည်ဆောက်ဖွဲစည်းပုံအရကိုက ခံစစ်အတွက် အနေအထားအတွက် အလွန်ကောင်းမွန်လှပါတယ်။

ဒီလဆန်း မှာ CDM တွေရဲ့ လမ်းပြခေါ်ဆောင်လာမှုနဲ့ အကြမ်းဖက် ပလောင် +PDF တွေဟာ စက်ရုံကို သိမ်းပိုက်ပြီး အခိုင်အမာ ခံစစ်ဆင်တယ်။

တပ်ဖက်က ပသစ တွေ အများစုပါဝင်သော တပ်ဖွဲတွေနဲ့ခက်ခဲစွာ ပြန်လည်သိမ်းပိုက်ဖို ကြိုးစားရတယ်။
အဆောက်အဦ အနေအထားအရ မိမိဖက်က အထိအခိုက်ရှိတယ်။

ဒီတိုက်ပွဲမှာ… သွေးရဲပီး ”ဇ” ကောင်းသော မန်းပသစတွေရဲ့ သတ္တိနဲ့တိုက်စွမ်းရည် ဟာ မှတ်ကျောက်တင်စရာ ဘဲ။ ဒဏ္ဍာရီထဲကသူရဲကောင်းတွေလည်း ပြန်ပေါ်လာသလိုပါ။

ပြန်လည်သိမ်းပိုက်ဖိုတိုက်ခိုက်ရင်းနဲ့… (ထပရ —)တပ်က ဆရာကြီးဇော်လင်း ဦးစီးပသစတစ်ချိုဟာ တိုက်စစ်ဦးကျွံသွားပီး ရန်သူ့ပစ်ခတ်မှုအောက်မှ ပိတ်မိသွားတယ်။

ဆရာကြီးဇော်လင်းဟာ သူနဲ့အတူ ပိတ်မိနေသော ပသစ ခလေးတွေကို ဆွဲထုတ်နိုင်ဖို ကာပစ်ပစ် ပေးနေခဲ့တယ်။
အမှန်တစ်ကယ်က…ဆရာကြီးဇော်လင်းဟာ ခြေထောက်ကို ဘဲ ထိထားတာပါ။

နောက်ဆုံးမှာ…ဒဏ်ရာနဲ့ကာပစ်ပစ်နေသော…ဆရာကြီးကို ဆွဲထုတ်ဖို ကြိုးစား ချိန်မှာတော့ ရန်သူဟာ ရှေ့တိုးလာကာ ပစ်ခတ်မှုတွေလည်း ပြင်းထန်လာတယ်။ အတင်းတက်လုံးတယ်။ လက်နက်ချ ခိုင်းတယ်။
အရှင်ဖမ်းဖိုကြိုးစားလာတယ်။

ဆရာကြီးဇော်လင်းသိလိုက်ပီ။ မရတော့ဘူး။ သူ့ကိုကယ်ထုတ်ဖို ကြိုးစားရင် ထပ်ထပ်ပီး ပေးဆပ်ရလိမ့်မယ်။
သူပြုစုပျိုးထောင်ထားတဲ့ ပြည်သူ့စစ်ခလေးလေးတွေ နောက်ထပ် ထပ်မံဆုံးရှုးရမယ့် အဖြစ်ကို လက်မခံနိုင်ပါ။

”ငါ့သေနတ်ကိုတော့ ရန်သူ့လက်ထဲအပါမခံနိုင်ဘူး”။ ဆွဲထုတ်ဖိုကြိုးစားနေသော ခလေးတွေထံကို သူ့သေနတ်ပစ်ပေး လိုက်ရင်း။ လက်ပစ်ဗုံးသုံးလုံးကို အသင့်ပြင်ကာအော်ပြောလိုက်တယ်။ ”ငါ့ကိုထားခဲ့ပါ”

”မင်းတိုဆုတ်တော့” တဲ့။ အော်ဟစ်ပြောဆိုရင်း… သူ့အနားကို ရောက်လာတဲ့ရန်သူတွေနဲ့… လုံးထွေး သတ်ပုတ်ရင်း… ”ဝုန်း” ဝုန်း” လက်ပစ်ဗုံးကွဲသံများ…

ဆရာကြီးဇော်လင်း နဲ့အတူတူ… သေရွာကိုခေါ်ဆောင်သွားခံရသော… အကြမ်းဖက်ရန်သူများ… အတုံးအရုံးကျဆုံး နဲ့ တစစီ ဖြစ်လို… ဒါဟာ… ဇတ်နာအောင်… လုပ်ကြံလီဆယ်ပြောပြနေသော ဇတ်လမ်းမဟုတ်ပါ။
တိုက်ပွဲကို မျက်မြင်ရင်ဆိုင်ခဲ့ရသော သူတွေအားလုံး ရဲ့ထွက်ဆိုချက်ဖြစ်တယ်။

မန်းပသစလူငယ်လေးတွေ တိုက်စွမ်းရည်… ရဲစွမ်းသတ္တိ… ဘာလိုကောင်းရသလဲ? သူ့လိုဆရာကောင်း …
သူရဲကောင်းတွေရဲ့… ဦးဆောင်ခြင်း… ရှေ့ဆောင်လမ်းပြကောင်းမွန်လွန်း ခြင်းကြောင့်…
ဆိုတာကလဲ တခုအပါအဝင် ဆိုပါတော့…
သက်သေတခု ပါဘဲ။

ဒီမှာ…
ပြည်ပကျွန်သဘောက်ရန်သူတွေဟာ ဘယ်လောက်အင်အားသာလွန်နေပါစေ…

စောင့်ကြည့်လိုက်…
ခွေးရူးကောင်း တမွန်းတည့်သာ…

တိုင်းပြည်အတွက်ဆိုရင်…
သူရဲကောင်းများ လွန်စွာပေါများတဲ့ တိုင်းပြည်…

”ဆရာကြီးဇော်လင်း”ရေ……
အလေးပြုအပ်ပါတယ်။
ထာဝရလေးစား ပါတယ် …

mat R
မှတ်ချက်။ ။ စက်ရုံပါတ်လည်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါပီ။