🌷ဒေါသအဖြစ် တိုပါစေ🌷
ကိုယ်နှင့်မဆိုင်တဲ့
အများအကြောင်းတွေအတွက်နဲ့
ဒေါသထွက်ရတာဟာ မတန်ပါဘူး ။
ကိုယ်နှင့်ဆိုင်တဲ့
အများစကားတွေအတွက်နဲ့လည်း
ဒေါသထွက်ရတာဟာမကောင်းပါဘူး ။
ကြမ်းတမ်းတဲ့ဒေါသသဘောဟာ
ကိုယ့်ဘ၀ကို ဆင်းရဲစေပါတယ် ။
ရုပ်၀တ္ထုဆင်းရဲရင်တစ်ခဏပါပဲ
စိတ်ဆင်းရဲရင်တော့
အသက်လည်းတို ရုပ်လည်းအိုပါတယ် ။
တစ်ခဏတာ ပြောခံရတာကို
တစ်ဘ၀စာ မှတ်ထားတဲ့သူဟာ
စိတ်ပင်ပန်းစွာနဲ့ နေရတတ်ပါတယ် ။
ဒါကြောင့် ဒီနေ့ပူစရာကိစ္စတွေကို
မနက်ဖြန်အထိ သယ်ယူမသွားပါနဲ့ ။
ကုသိုလ် ပညာ ဥစ္စာကလွဲရင်
ကျန်တာတွေဟာ အဖိုးမတန်လို့
အမြဲသိမ်းထားလို့ လုံး၀မသင့်ပါဘူး ။
ဒေါသဟာ အဖြစ်တိုနေမှ
ကိုယ့်စိတ်ဟာ လန်းဆန်နိုင်ပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏