မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည်အာဆီယံနှင့် အာရှပြိုင်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် Junior Lions အမည်ခံ၍ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကစားနေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်(MFF)ထံက သိရသည်။
ယမန်နေ့ ဇွန်(၂)ရက် ညနေပိုင်းက အဆိုပါ Junior Lions အသင်းနှင့် ရန်ကုန်ယူနိုက်တက် ယူ-၂၀အသင်းတို ယှဉ်ပြိုင်ကစားရာ Junior Lions အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲကို အသင်းပေါင်း (၁၃) သင်းဖြင့် ယခုလ ဇွန်(၁)ရက်နေ့မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။