






၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်း မွန်စေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်အပါအဝင် မြို့နယ် ၈ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ လည်း ကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့တို့ရှိ အခြေခံပညာကျောင်းများ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အပါအဝင် မြို့နယ် ၄ မြို့နယ်တို့ ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အပါအဝင် မြို့နယ် ၇ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ထားဝယ်မြို့တို့ရှိ အခြေခံပညာကျောင်းများ၌ လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အပါအဝင် မြို့နယ် ၆ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အပါအဝင် မြို့နယ် ၁၄ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ အခြေခံပညာ ကျောင်းများ၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အပါအဝင် မြို့နယ် ၅ မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် စာသင်ခုံ များ နေရာချထားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။