ပန်ဆယ်လို ဂျင်းထည့်နေတဲ့ မိုတယ်အကြောင်း

ပန်ဆယ်လို ဂျင်းထည့်နေတဲ့ မိုတယ်အကြောင်းကို အကြမ်းဖျဉ်းပြောပြမယ်။

ဟိုတယ် မဟုတ်ဘူးနော် မိုတယ်။ နာမည်တော့ ထည့်မရေးတော့ပါဘူး။

အဲဒီ မိုတယ်ကိုပိုင်တာက အကြမ်းဖက်အဖွဲ့ထဲ ရောက်နေတဲ့ အောင်ရဲပြည်(ခေါ်) အော်ပီကျယ်ရဲ့ အမေ ဒေါ်အေးအေးထွန်းပိုင်ခဲ့တာ။ ဘာကြောင့် ပိုင်ခဲ့တာဆိုပြီးပြောရသလဲဆိုတော့ ဒေါ်အေးအေးထွန်းက ဒီမိုတယ်ကို ၂၀၁၁ ခုနှစ်ကတည်းက CB ဘဏ်မှာ သိန်း ၈၀၀၀ နဲ့ပေါင်ခဲ့တယ်။ ဒီလိုပေါင်ခဲ့ပေမယ့် အတိုးရော အရင်းပါ မဆပ်နိုင်တဲ့အတွက် အတိုးတွေက တော်တော်တက်လာခဲ့ပြီး ဒေါ်အေးအေးထွန်းက ဘဏ်ကို ထိုးအပ်လိုက်တာပါ။

ဒါ့ကြောင့် CB ဘဏ်က ၂၀၂၄ ခုနှစ် မတ်လ ပိုင်းထဲမှာ ပိုင်သွားခဲ့ပါပြီ။

ဒါကမိုတယ်ရဲ့ အခြေအနေလေးပြောပြတာ။

မိုတယ်ကို ဘဏ်ကပိုင်သွားတဲ့အတွက် တစ်ချိန်လုံးနုတ်ပိတ်နေတဲ့ အကြမ်းဖက်သမား အောင်ရဲပြည့်(ခေါ်) အော်ပီကျယ်ဆိုတဲ့ကောင်က ပန်ဆယ်လိုနဲ့ပေါင်းပြီး တော်လှန်ရေးအတွက်ပဲ စေတနာ ထက်သန်စွာ လှူသလိုလို နာမည်ကောင်းယူပြီး ဂျင်းထည့်လိုက်တာ။

ပန်ဆယ်လိုလည်း လူလည်မဆိုတော့ သူ့ရဲ့ Fan တွေကို မလှိမ့်တစ်ပတ်ရိုက်ပြီး လုပ်စားသွားတာ။ ဘဏ်က ပိုင်သွားတဲ့ မိုတယ်ကို လက်ရှိသူတို့ပဲ ပိုင်သလိုလိုလုပ်ပြီး ဂျင်းထည့်တာ။ မိုတယ်ကို ဘဏ်ကပိုင်သွားတယ်ဆိုတာလည်း ဘာနိုင်ငံရေးကိစ္စနဲ့မှု ဆက်စပ်မှုမရှိဘူး။ ပိုက်ဆံချေးတယ် အတိုးရော အရင်းပါ မဆပ်နိုင်လို့ ဘဏ်က သိမ်းတာ။

ဒီလိုပြောပြတယ်ဆိုတာ ပန်ဆယ်လိုဂျင်းထည့်တာကို ခံနေရတဲ့ နီပိန်းတွေကို သနားလို့ပြောပြတာ။

crd//မှိုင်းဝေ