၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်၊ နံနက် ၇ နာရီခွဲ အချိန်ခန့်က BGF တပ်နယ် ၂ မှ ဗိုလ်အဆင့်ရှိသူနှင့် ဇနီးအား သတ်ဖြတ်ခဲ့သော အကြမ်းဖက် KRF အဖွဲ့ဝင်တစ်ဦးအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသူမှာ တင့်နိုင်ဝင်း(ခ)ဖြူနိုင်၊ ၂၈နှစ်၊ (ဘ) ဦးအေး၊ ၁၀/ကထန(နိုင်) ၁၄၀၅၈၇ ၊ ဗမာ/ဗုဒ္ဓ၊ အနောက်ပိုင်း၊ ကော့ထင်းကျေးရွာ၊ ကျိုက်ထိုမြို့နယ်နေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းအားစစ်ဆေးခဲ့ရာ ဦးဝင်းစိုး၏ နေ့စဥ် သွားလာတတ်သည့် နေရာများနှင့် နေအိမ်သို့ပြန်ဝင်လာသည့် အခြေအနေများအား ဦးစွာစုံစမ်း၍ သတင်းစုဆောင်းခဲ့ကြောင်း၊ ၎င်းနောက် ဦးဝင်းစိုးနှင့် ဇနီးတို့ ဘုရားကြီးကျေးရွာဈေးမှ ဈေးဝယ်ပြီး ယာဉ်ပြန်ထွက်လာသည့် ၂၀၂၃ ဩ ၂၄ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ၎င်းအပါအဝင် အင်အား(၆)ဦးတို့မှ ဘုရားကြီးကျေးရွာထိပ် ဇရပ်နားနေဆောင်နေရာတွင် အသင့်စောင့်ဆိုင်းနေပြီး ဦးဝင်းစိုးနှင့် (ဇနီး)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
ထို့ကြောင့် အကြမ်းဖက်သတ်ဖြတ်သူ တင့်နိုင်ဝင်း(ခ)ဖြူနိုင်အား အကြမ်းဖက်ဥပဒေများအရ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။