တပ်မတော်လေ့ကျင့်ရေးကျောင်း အသီးသီးမှာ တက်ရောက်စစ်ပညာသင်ကြားနေတဲ့ ပြည်သူ့စစ်မှုထမ်းလူငယ်များကို စိတ်ဓာတ်ရေးရာ ခိုင်မာအောင်လေ့ကျင့်ပေးနေရုံမျှမက ကိုယ်ခန္ခာကျန်းမာကြံ့ခိုင်စေဖို့ တပ်မတော်ကလေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါတယ်။ အခုဆိုရင် ပြည်သူ့သားကောင်းပြည်သူ့စစ်မှုထမ်းများအနေဖြင့် တပ်မတော်ရဲ့ စည်းစနစ်တွေအောက်မှာ နေသားတကျဖြစ်လာပြီ ဖြစ်သလို ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ အသင့်ဖြစ်နေကြပြီဖြစ်တယ်လို့လည်း သိရှိရပါတယ်။



